Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် ပျူရွာရှိ စစ်အုပ်စုကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)
(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ သရက်ကန်ရွာကို မဟာမိတ်အဖွဲ့များဝင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက် သေဆုံးမှုရှိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၁၃ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူအင်အား ၁၈၀ ခန့်ရှိသော မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန်ကျေးရွာ ပျူစခန်းအား လက်လုပ်လက်နက်ကြီး (၁၀၀) မမ၊ (၁၂၀) မမ၊ ရော့ကတ်များဖြင့် အချက် ၈၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး လေးဦးသေဆုံးနိုင် ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

နာရီဝက်ခန့်အကြာတွင် ဆုတ်ခွာခဲ့ပြီး ထိုစစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)နှင့် မဟာမိတ်ညီနောင်များဖြစ်သော မြိုင်မြို့နယ်ပြည့်သူ့ကာကွယ် ရေးတပ်ဖွဲ့ – တပ်ရင်း(တပ်ရင်း၁)၊ တပ်ခွဲ(၁)၊ (၂)၊ (၄) စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ အောင်းကြီးတပ်ဖွဲ့၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ၊ Myaing warriors Hero New GZ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။