Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး

မြို့တော် လီမာနဲ့ နိုင်ငံတောင်ပိုင်း ဒေသနှစ်ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ သမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆူပူ အကြမ်းဖက်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး
ဆန္ဒပြမှုတွေ အရှိန်မြင့်နေတဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပီရူး အစိုးရ သက်တမ်းတိုး

ပီရူးနိုင်ငံမှာ အစိုးရ ဆန့်ကျင်ကြေး ဆန္ဒပြပွဲတွေ ကြမ်းတမ်း ပြင်းထန်နေတဲ့ မြို့ကြီးတချို့မှာ အရေးပေါ် အခြေအနေ ကြေညာချက်တွေကို သက်တမ်း တိုးမြှင့်လိုက်ပါတယ်။

မြို့တော် လီမာနဲ့ နိုင်ငံတောင်ပိုင်း ဒေသနှစ်ခုမှာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တောင်အမေရိက ဒေသတွင်း နိုင်ငံရဲ့ သမိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆူပူ အကြမ်းဖက်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

ပီရူးမှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့သူ သမ္မတဟောင်း ပက်ဒရို ကက်စတီလိုကို အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ လွှတ်တော်က စွပ်စွဲ ဖယ်ရှားလိုက်တဲ့ ဒီဇင်ဘာ လလယ်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးပါတယ်။ အဲဒီနောက် ဒီနာ ဘိုလူရက်တီက နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာခဲ့ပြီး ကက်စတီလိုကို ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အခုအခါ အရေးပေါ် အခြေအနေ တစ်လ ကြေညာမှုက သက်တမ်း ကုန်သွားပြီ ဖြစ်တဲ့အတွက် သမ္မတ ဘိုလူရက်တီရဲ့ အမိန့်နဲ့ သက်တမ်း ထပ်တိုးခဲ့ရတာပါ။ ပီရူးနဲ့ တခြားမြို့ကြီးတွေမှာ လက်ရှိ အစိုးရကို ဆန့်ကျင်ပြီး ဘိုလူရက်တီ နုတ်ထွက်ပေးဖို့ ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသလို အကျဉ်းချ ခံနေရတဲ့ သမ္မတဟောင်းကို လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြမှု တချို့ဟာ မင်းမဲ့စရိုက်ဆန်ဆန် ကြမ်းတမ်းတဲ့ အနေအထားတွေထိ ရောက်ကုန်တာကြောင့် လက်ရှိ အချိန်ထိ လူပေါင်း ၄၀ ကျော်လောက် သေကြေခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ အတောအတွင်း သမ္မတက ရဲတပ်ဖွဲ့ကို လူစုလူဝေး မဖြစ်အောင် တားဆီးခွင့်၊ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့် အာဏာတွေ အပ်နှင်းထားပေမယ့် ဆန္ဒပြသူတွေက ဖီဆန်ပြီး လူစုလူဝေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဆန္ဒပြသူ တစ်ဦးက ကက်စတီလိုရဲ့ ဒုတိယ သမ္မတ တာဝန်ယူခဲ့ဖူးသူ ဘိုလူရက်တီဟာ အတိုက်အခံတွေနဲ့ ပေါင်းပြီး အာဏာလုခဲ့တဲ့ သစ္စာမဲ့သူ အခွင့်အရေးသမားလို့ စွပ်စွဲကြပါတယ်။ ပီရူးပြည်သူ အများစုဟာ စည်းမဲ့ကမ်းမဲ့ ဆန္ဒပြတာတွေကို သဘောမတူပေမယ့် ဘိုလူရက်တီရဲ့ အစိုးရကိုလည်း မနှစ်မြို့ပါဘူး။

ဒီဇင်ဘာလတုန်းက ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတစ်ခုမှာ ဘိုလူရက်တီကို မလိုလားကြောင်း မဲပေးသူ ၆၈ ရာခိုင်နှုန်း ရှိခဲ့ရာက အခုအခါ ၇၁ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။ ပြည်တွင်းမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပေမယ့် သမ္မတ ဘိုလူရက်တီကတော့ သူဟာ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။