Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ နှစ်သစ်ကူးမိန့်ခွန်း

စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေသလို ကျွန်တော်တို့အစိုးရအဖွဲ့မှလည်း ကျွန်တော်တို့နိုင်ငံအပေါ် အကူအညီပေးမည့်နိုင်ငံများ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြ ကတိပြုပါတယ်။

မိန့်ခွန်း​ကောက်နှုတ်ချက်အကျဥ်း
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေသလို ကျွန်တော်တို့အစိုးရအဖွဲ့မှလည်း ကျွန်တော်တို့နိုင်ငံအပေါ် အကူအညီပေးမည့်နိုင်ငံများ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြ ကတိပြုပါတယ်။

-စစ်အာဏာရှင် ပြုတ်ကျမှသာလျှင် သွေးမြေ ကျ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေ၊ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူတွေကို ကျေးဇူးဆပ်ရာ ရောက်မှာ ဖြစ်ပါတယ်။ အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါ တယ်။

-အောင်မြင်မှုရတဲ့အခါမှာလည်း ကျွန်တော်တို့အစိုးရအနေနှင့် ပြည်သူပြည်သားများအားလုံးကို ကျေးဇူးပြန်ဆပ်သွားမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရသစ် ကို တစ်ခဲနက် ထောက်ခံပြီး အစိုးရသစ်နှင့်အတူ မြန်မာ့နွေဦးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ပေးကြပါရန်နှင့် ပြည်သူအားလုံး လိုလားတဲ့ အောင်မြင်မှု ဟာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။


အရေးတော်ပုံအောင်ရမည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။