Connect with us

Hi, what are you looking for?

ဗီဒီယို

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ နှစ်သစ်ကူးမိန့်ခွန်း

စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေသလို ကျွန်တော်တို့အစိုးရအဖွဲ့မှလည်း ကျွန်တော်တို့နိုင်ငံအပေါ် အကူအညီပေးမည့်နိုင်ငံများ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြ ကတိပြုပါတယ်။

မိန့်ခွန်း​ကောက်နှုတ်ချက်အကျဥ်း
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေသလို ကျွန်တော်တို့အစိုးရအဖွဲ့မှလည်း ကျွန်တော်တို့နိုင်ငံအပေါ် အကူအညီပေးမည့်နိုင်ငံများ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြ ကတိပြုပါတယ်။

-စစ်အာဏာရှင် ပြုတ်ကျမှသာလျှင် သွေးမြေ ကျ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေ၊ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူတွေကို ကျေးဇူးဆပ်ရာ ရောက်မှာ ဖြစ်ပါတယ်။ အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါ တယ်။

-အောင်မြင်မှုရတဲ့အခါမှာလည်း ကျွန်တော်တို့အစိုးရအနေနှင့် ပြည်သူပြည်သားများအားလုံးကို ကျေးဇူးပြန်ဆပ်သွားမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရသစ် ကို တစ်ခဲနက် ထောက်ခံပြီး အစိုးရသစ်နှင့်အတူ မြန်မာ့နွေဦးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ပေးကြပါရန်နှင့် ပြည်သူအားလုံး လိုလားတဲ့ အောင်မြင်မှု ဟာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။


အရေးတော်ပုံအောင်ရမည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook