Connect with us

Hi, what are you looking for?

သတင်း

ငါးရက်ကြာအစာ​ရေစာပြတ်လပ်ပြီး ပိတ်မိခဲ့​သောရဲ​ဘော်များလုံခြုံပြီးဖြစ်​ကြောင်း အမှတ် ၁၀၀၈တပ်ရင်းရှမ်း​တောင်အသိ​ပေး

PNO(ပြည်သူ့စစ်)နှင့် အင်းပျူစောထီးများသည် ညောင်ရွှေ-အင်းလေးဒေသတစ်ကြောရှိ လမ်းများပိတ်၍ အစစ်အဆေးများ ပြုလုပ်လျှက်ရှိသည်။

ငါးရက်ကြာအစာ​ရေစာပြတ်လပ်ပြီး ပိတ်မိခဲ့​သောရဲ​ဘော်များလုံခြုံပြီးဖြစ်​ကြောင်း အမှတ် ၁၀၀၈တပ်ရင်းရှမ်း​တောင်အသိ​ပေး
ငါးရက်ကြာအစာ​ရေစာပြတ်လပ်ပြီး ပိတ်မိခဲ့​သောရဲ​ဘော်များလုံခြုံပြီးဖြစ်​ကြောင်း အမှတ် ၁၀၀၈တပ်ရင်းရှမ်း​တောင်အသိ​ပေး

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ကအင်အားအများအပြားဖြင့်ပိတ်ဆို့မှုများကြောင့် ရဲဘော်များ ငါးရက်ကြာ အစာရေစာပြတ်လတ်ပြီး ၁၀ ရက်ကျော်ကြာပိတ်မိခဲ့သော် လည်း ယခုအခါလုံခြုံမှုရှိပြီဖြစ်ကြောင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင် ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးတွင် ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု၊ညီနောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ )နှင့် စစ်ကောင်စီ၊ အင်းပျူစောထီး၊PNO(ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့တို့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်အုပ်စုမှ (၃၀)ကျော်သေဆုံးပြီး (၂၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အလားတူ အမှတ်(၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၏ တပ်ရင်းမှူးအပါအဝင် ရဲဘော်အချို့ မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရသည်ဟုအသိ​ပေးထားသည်။

တိုက်ပွဲများအပြီး စစ်ကောင်စီတပ်၊ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)ပူးပေါင်းအဖွဲ့က အင်အား နှစ်ရာခန့်ဖြင့် စစ်ဖြစ်ပွားရာ နယ်မြေကို ပိတ်ဆို့ခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ဒီတိုက်ပွဲဟာ အတွေ့အကြုံတွေလည်းအများကြီးရခဲ့သလို ပိုမှန်တိုက်ပွဲတွေနဲ့မတူတဲ့အခက်ခဲတွေပေးဆပ်ရတာတွေဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့ခဲ့ကြရတယ် “ဟု အမှတ် ၁၀၀၈ တပ်ရင်းကပြောသည်။

တိုက်ပွဲနယ်မြေတွင် ရှမ်းတောင် တပ်ပေါင်းစုစစ် ကြောင်းနှင့်အတူ စစ်ကူလိုက်ပေးသောမဟာမိတ်တပ်ရင်းဖြစ်သည့် မိုးဗြဲတပ်ရင်းအမှတ် ၁၀၀၇ ပါပိတ်မိခဲ့ကြောင်းသိရသည်။

အင်အားသုံးပိတ်ဆို့မှုကြောင့် တပ်ပေါင်းစုစစ်ကြောင်းမှ ရဲဘော်များ ၄ ရက်ကြာ ၅ ရက် အစာရေစာများပြတ်လတ်ပြီး ၁၀ ရက်ကျော်ကြာထွက်မရဖြစ်ခဲ့ကြ ရသည်ဟု ဆိုသည်။

PNO(ပြည်သူ့စစ်)နှင့် အင်းပျူစောထီးများသည် ညောင်ရွှေ-အင်းလေးဒေသတစ်ကြောရှိ လမ်းများပိတ်၍ အစစ်အဆေးများ ပြုလုပ်လျှက်ရှိသည်။

ထို့အပြင်စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်ကာ ဒေသခံတိုင်းရင်း သားပြည် သူလူထုများကို ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

ထို့ကြောင့် PNO (ပြည်သူ့စစ်)နှင့် အင်းပျူစောထီးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည် သူလူထု၏ လွတ်လပ်စွာသွားလာခွင့်နှင့် အသက်အန္တ ရာယ်များကို ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်များ ဆက်လက်လုပ်‌ဆောင်မည်ဆိုပါက အကြမ်းဖက်စစ်ကောင်စီနှင့်တန်းတူထား၍ ယခုထက်ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ရေနံတင်ပို့မှုမှာ အဓိက အကျဆုံး မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ထားနိုင်ဖို့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ခံစစ်အားပြု စစ်ရေးမစ်ရှင်တစ်ခု စီစဉ်နေကြောင်း ပြင်သစ် သမ္မတက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။