Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

“သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး
ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(P.R.D.F)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးတွင် ဇန်နဝါရီ၂၁ရက်က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားပြည်သူကားပေါ်တွင် လိုက်ပါလာသည့် ဘုတ်ပြင်းမြို့ဆေးတပ်မှတပ်ကြပ်ကြီးကို ဖမ်းမိခဲ့ခြင်းဟု ဆိုသည်။

“သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖမ်းမိသည့်တပ်ကြပ်ကြီးအဆင့်စစ်ကောင်စီတပ်သားမှာ ၂၀၀၆ ကတည်းက စတင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်း၏ ဖုန်းစစ်ဆေးမှုပြုလုပ်ရာတွင်လည်း စစ်သံရုံးဝင်ခွင့်ဖြေရာက ပြန်လာသူဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်ဟု PRDFက ဆိုသည်။

ထို့အပြင် ၎င်းထံမှ ဖုန်းတစ်လုံးနှင့် ပိုက်ဆံ ၂၀,၀၅၀ (နှစ်သောင်း ငါးရာကျပ်)ကို သိမ်းဆည်း ရမိကာ၊ ယခုလက်ရှိတွင် PRDFမှ ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။