Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

“ သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး
ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(P.R.D.F)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးတွင် ဇန်နဝါရီ၂၁ရက်က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားပြည်သူကားပေါ်တွင် လိုက်ပါလာသည့် ဘုတ်ပြင်းမြို့ဆေးတပ်မှတပ်ကြပ်ကြီးကို ဖမ်းမိခဲ့ခြင်းဟု ဆိုသည်။

“ သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖမ်းမိသည့်တပ်ကြပ်ကြီးအဆင့်စစ်ကောင်စီတပ်သားမှာ ၂၀၀၆ ကတည်းက စတင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

၎င်း၏ ဖုန်းစစ်ဆေးမှုပြုလုပ်ရာတွင်လည်း စစ်သံရုံးဝင်ခွင့်ဖြေရာက ပြန်လာသူဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်ဟု PRDFက ဆိုသည်။

ထို့အပြင် ၎င်းထံမှ ဖုန်းတစ်လုံးနှင့် ပိုက်ဆံ ၂၀,၀၅၀ (နှစ်သောင်း ငါးရာကျပ်)ကို သိမ်းဆည်း ရမိကာ၊ ယခုလက်ရှိတွင် PRDFမှ ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးသည်။

You May Also Like

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

သတင်း

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိထားသည်။

သတင်း

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

သတင်း

"ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။