Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀) တပ်နှင့် တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ (၆၀) မမ ဗုံးသီး ခုနစ်လုံး၊ ၅ ဒသမ ၅၆ ကျည်ဆံ (၂၀၀) တောင့်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀) တပ်နှင့် တိုက်ပွဲဖြစ်
ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀) တပ်နှင့် တိုက်ပွဲဖြစ်

▪️လက်နက်၊ခဲယမ်းများရရှိကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် တပ်ရင်း(၁) ထုတ်ပြန်

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀)တပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပြီး လက်နက်၊ခဲယမ်းများရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင် တပ်ရင်း(၁)က ယနေ့(နိုဝင်ဘာ ၆ရက်) ထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲအရ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)နှင့် Flying Stars ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်) ပူးပေါင်းစစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေရာသို့ ခမရ (၅၆၀) တပ်ရင်းမှ ဝင်ရောက်လာခြင်းဟု ဆိုသည်။

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀) တပ်နှင့် တိုက်ပွဲဖြစ်
ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၀) တပ်နှင့် တိုက်ပွဲဖြစ်

ပြည်ထောင်စုလမ်းမကြီးအတိုင်း ခြေလျင်ဆင်း လာသည့်အင်အား ၁၅ ဦးခန့်ပါ ခမရ (၅၆၀) တပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ် ခတ်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ (စိ စစ်ဆဲ) ဖြစ်သော်လည်း စစ်ကောင်စီတပ်သား အများစုသည် မိုင်းနှင့် ကျည်ထိမှန်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက် ကော့သောင်းခရိုင် တပ်ရင်း(၁)မှ ရဲဘော်သုံး ဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်းကော့သောင်းခရိုင်တပ်ရင်း (၁) က ပြောသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ (၆၀) မမ ဗုံးသီး ခုနစ်လုံး၊ ၅ ဒသမ ၅၆ ကျည်ဆံ (၂၀၀) တောင့်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။

ယခုတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကျေးရွာနေပြည်သူလူထုများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook