Connect with us

Hi, what are you looking for?

News

နိုင်ငံတစ်ဝန်း ယနေ့ည ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများဖြစ်ပွား

နောင်ချိုမြို့မြို့တော်ခန်းမသည် မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမဘေးတွင်တည်ရှိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

(ယနေ့ည မရမ်းကုန်းမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဥ်၊ ဓာတ်ပုံ - CJ)

နိုင်ငံတစ်ဝန်းရှိ မြို့အချို့တွင် ယနေ့ည ဗုံးပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောသည်၊

နောင်ချို ၊တောင်ကြီး၊ မန္တလေးစသောမြို့များတွင် ဗုံးပေါက်ပွဲမှုဖြစ်ခဲ့ပြီး ရန်ကုန်မြို့တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ မြို့တော်ခန်းမအနီးတွင် ယနေ့ည ၈နာရီ ၄၅မိနစ်ခန့်က ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်ဟုဒေသခံများက ပြောသည်။

နောင်ချိုမြို့မြို့တော်ခန်းမသည် မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမဘေးတွင်တည်ရှိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

အလားတူတောင်ကြီးမြို့တွင်လည်း ည ၈ နာရီက ကျယ်လောင်သောဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။