Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ကျောက်မျက်လုပ်ကွက် တစ်ကွက်လျှင်ဒေါ်လာနှစ်သိန်းကျော်ဖြင့်NUG က​ရင်းနှီးမြှပ်နှံရန်ဖိတ်​ခေါ်

​နွေဦး​တော်လှန်​ရေးတွင် NUG ၏ ပြည်သူလူထုအင်အားဖြင့် ရန်ပုံ​ငွေရှာ​ဖွေ​သောအစီအစဥ်များကို နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုကြသည်ကို​တွေ့ရသည်။

(NUG ၏ မိုးကုတ်​ကျောက်မျက်လုပ်ကွက်ပြ​မြေပုံ)
(NUG ၏ မိုးကုတ်​ကျောက်မျက်လုပ်ကွက်ပြ​မြေပုံ)

မိုးကုတ်ရတနာမြေတွင် ကျောက်မျက်တူးဖော်ခွင့်အတွက် ကျောက်မျက် လုပ်ကွက် တစ်ကွက်ကို ဒေါ်လာ နှစ်သိန်းဖြင့် ၁၀နှစ်လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်သည်။

ဘောလုံကြီးလုပ်ကွက် အမှတ်၁အမည်ရှိ ၅၅ဧကကျော်ရှိ​သောလုပ်ကွက်ကို ရင်းနှီးမြှပ်နှံသူကရှယ်ယာ၄၉ ရာခိုင်နှုန်း၊အများပြည်သူကိုယ်စားအစိုးရကရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် NUGက လုပ်ကိုင်ခွင့် ၁၀ သက်တမ်းချပေးမည်ဟု​ဖော်ပြထားသည်။

ကျောက်မျက်တူးဖော်ရေးကို ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း NUG, စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က ​ပြောသည်။

ထိုလုပ်ကွက်သည် ဒေါ်လာ ၁၀သန်းဖိုး အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ဖြင့် ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မည်ဟု NUG၏ Early Partnership Programက ထုတ်ပြန်ထားသည်။ ​​လုပ်ကိုင်ခွင့်ရရှိသူများသည် ​နွေဦး​တော်လှန်​ရေးပြီးမှ လက်​တွေ့လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“မိုးကုတ်​မှာ​ကျောက်မျက်တူး​ဖော်ခွင့်ကိုရင်းနှီးမြှပ်နှံရင်း​နဲ့တော်လှန်​ရေးအတွက်ကူညီပါ”ဟုအဂ်လိပ်ဘာသာဖြင့် ဖိတ်​ခေါ်ထားသည်ကို​တွေ့ရသည်။

Public Service Announcement
Public Service Announcement

“မိုင်းတွင်းတူးဖော်ခွင့် ၁၀ နှစ် ထုတ်ပေးမယ်။ရင်းနှီးမြုပ်နှံသူတွေက စည်းမျဉ်းများနဲ့ အညီ သင့်လျော်တဲ့ အစီအစဉ်ဆွဲတာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့မှုတွေအကဲဖြတ်တာလုပ်ရပါ့မယ်။ သတ္တုတွင်းလုပ်ငန်းကို စနစ်တကျလုပ်ဆောင်ပြီး အမြတ်အစွန်းများစွာရရှိစေမှာဖြစ်ပါတယ်”ဟု NUG၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ဦးစိုးသူရထွန်းကပြောသည်။

ခေတ်အဆက်ဆက်အာဏာရှင်လူတစ်စု၏အကျိုးစီးပွားကိုသာအထောက်အကူပြုခဲ့သည့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ယခုအခါပြည်သူလူထုအကျိုးစီးပွားကိုဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးတင့်ထွန်းနိုင်ကပြောသည်။

NUG က ​နွေဦး​တော်လှန်​ရေးရန်ပုံ​ငွေကို ​ငွေတိုက်စာချုပ်များ ၊အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်အိမ်များ ၊ရန်ကုန်နှင့် မန္တ​လေးတွင် စစ်တပ်သိမ်းထား​သော​မြေများ​ပေါ်တွင် အိမ်ရာများ​ဖော်​ဆောင်၍ ​ရောင်းချရာမှ ရှာ​ဖေ​နေရာ ​ဒေါ်လာ သန်း ၁၀၀ ​ကျော်ရရှိထားပြီဖြစ်​ကြောင်းဦးတင်ထွန်းနိုင်က​ပြောသည်။ရန်ပုံ​ငွေအများစုကို ​နွေဦး​​တော်လှန်​ရေး တွင် ကာကွယ်​ရေးအသုံးစာရိတ်အတွက် အဓိကသုံးစွဲ​နေသည်ဟုလည်းဆိုသည်။ ယခုအခါ နိုင်ငံ​တော်၏ သယံဇာတကိုပါနွေဦး​တော်လှန်​ရေးရန်ပုံ​ငွေအတွက် လုပ်ကွက်​ဖော်၍ ​လေလံ​ခေါ် စတင်​ရောင်းချ​ပေးခြင်းဖြစ်သည်။

​နွေဦး​တော်လှန်​ရေးတွင် NUG ၏ ပြည်သူလူထုအင်အားဖြင့် ရန်ပုံ​ငွေရှာ​ဖွေ​သောအစီအစဥ်များကို နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုကြသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook