Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်နိုင်ငံတွေက တင့်ကားတွေ ပို့ဆောင်မယ်လို့ ကတိပြုပြီး နောက်တစ်နေ့မှာ ယူကရိန်းကို ရုရှားဒုံးကျည်မိုးရွာ

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ တစ်နေ့တည်းမှာတင် ပင်လယ်ပြင်နဲ့ ကုန်းတွင်းပိုင်းကနေ ယူကရိန်း နိုင်ငံအနှံ့ဆီ ဒုံးကျည် ၅၅ စင်း ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲမှာ ကိယက်ဗ် တဝိုက်ကို ဦးတည်တဲ့ အစင်း ၂၀ အပါအဝင် စုစုပေါင်း ဒုံးကျည် ၄၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းဆီ စွမ်းဆောင်ရည်မြင့် တင့်ကားတွေ တင်ပို့ဖို့ အမေရိကန်နဲ့ ဂျာမနီတို့က ကတိပြုခဲ့ပြီး တစ်ရက် အကြာမှာပဲ ယူကရိန်း နိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်မိုး ရွာခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က ရုရှား ဒုံးကျည်တွေ ကျဆင်းလာတာကြောင့် ကိယက်ဗ် မြို့တော်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး အဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့တဲ့ အတွက်လည်း ၁ ဦးသေပြီး ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတောင်ပိုင်းက အိုဒက်ဆာမြို့မှာလည်း ရုရှားဒုံးကျည်တွေ ထိမှန်လို့ လျှပ်စစ် ဓာတ်အား ဖြန့်ဝေမှုဆိုင်ရာ အဆောက်အအုံ ၂ ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းကို အနောက်နိုင်ငံတွေက တင့်ကားတွေ ထောက်ပံ့ပေးခြင်းဟာ စစ်ပွဲမှာ NATO မဟာမိတ်တွေက တိုက်ရိုက် ပါဝင်လာတဲ့ သဘောလို့ ယူဆကြောင်း ရုရှားက ကြေညာပြီးတဲ့နောက် အခုလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်တပ်ရဲ့ အဆိုအရ ရုရှားဟာ တစ်နေ့တည်းမှာတင် ပင်လယ်ပြင်နဲ့ ကုန်းတွင်းပိုင်းကနေ ယူကရိန်း နိုင်ငံအနှံ့ဆီ ဒုံးကျည် ၅၅ စင်း ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲမှာ ကိယက်ဗ် တဝိုက်ကို ဦးတည်တဲ့ အစင်း ၂၀ အပါအဝင် စုစုပေါင်း ဒုံးကျည် ၄၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဒုံးကျည် တစ်စင်းဟာ ကိယက်ဗ် တောင်ပိုင်းက လူနေအိမ် မဟုတ်တဲ့ အဆောက်အအုံ တစ်ခုကို တိုက်ရိုက် ထိမှန်ရာက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ရာသီဥတု အေးခဲနေတဲ့ လက်ရှိ ဆောင်းတွင်း ကာလမှာ ယူကရိန်းရဲ့ အရပ်ဖက် ဓာတ်အားပေး စက်ရုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ယူကရိန်း နိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး ပြည်သူတွေ အကြီးအကျယ် ဒုက္ခ ရောက်နေကြပါတယ်။ ဒါပေမဲ့ ရုရှား စစ်တပ်ကတော့ သူတို့ဟာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြောင်ပြောင်တင်းတင်းပဲ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook