Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ လိုက်လျော သဘောတူကြတော့မယ့် ဂျာမနီနဲ့ အမေရိကန်

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှားကို နောက်တစ်ကြိမ် ပေါ်ပေါ်ထင်ထင် ရန်စလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ယူကရိန်းရဲ့ ကာလရှည်ကြာ တောင်းဆိုနေမှုကို လိုက်လျောပြီး အမေရိကန်နဲ့ ဂျာမနီတို့ဟာ တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့ဖို့ စတင် စီစဉ်နေကြောင်း သိရပါတယ်။

တရားဝင် မကြေညာသေးပေမယ့် အနောက်မဟာမိတ် နိုင်ငံနှစ်ခုရဲ့ အစိုးရ အရာရှိ တချို့က အမေရိကန်နဲ့ ဂျာမနီရဲ့ အဓိက တိုက်ပွဲဝင် တင့်ကားကြီးတွေကို ဂျာမနီက လက်ခံရရှိဖို့ သေချာသလောက် ဖြစ်လာပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။

သတင်းတွေအရ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ M1 Abrams တင့်ကား အစီး ၃၀ လောက်ထိ ယူကရိန်းကို လက်လွှဲပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဂျာမနီ အဓိပတိ အိုလက်ဖ် ရှော့ဇ်ကလည်း ဂျာမနီ စစ်တပ်ရဲ့ Leopard 2 တင့်ကား ၁၄ စီးထက် မနည်းကို ယူကရိန်းဆီ ပို့ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။

အစောပိုင်းက အဲဒီ နှစ်နိုင်ငံဟာ ကာကွယ်ရေး လက်နက် မဟုတ်တဲ့ တင့်ကားတွေကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ စစ်မြေပြင်မှာ ရုရှားရဲ့ သံချပ်ကာ တိုက်ခိုက်ရေး စွမ်းရည်ကို ယှဉ်ပြိုင်ဖို့အတွက် အနောက်နိုင်ငံလုပ် အကြီးစား တင့်ကားတွေ လိုအပ်တယ်လို့ တဖွဖွ ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဂျာမနီတို့က ယူကရိန်းကို တင့်ကားတွေ ပေးပို့ခြင်းဟာ တခြား အနောက်မဟာမိတ် နိုင်ငံတွေကပါ အဲဒီ လမ်းကြောင်းအတိုင်း လိုက်လာဖို့ တွန်းအား ဖြစ်လာစေနိုင်ပါတယ်။ အစောပိုင်းတုန်းက ဗြိတိန် စစ်တပ်ကလည်း သူတို့ရဲ့ Challenger 2 တင့်ကား ၁၄ စီးကို ယူကရိန်းဆီ ပေးပို့မယ်လို့ ကြေညာထားပြီးသားပါ။ အဲဒီထဲက ၂ စီးက ယူကရိန်းကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

အမေရိကန် စစ်ဘက် အရာရှိ တချို့ကတော့ နည်းပညာ အဆင့်မြင့်ပြီး တန်ဖိုးလည်းကြီးတဲ့ Abramsတွေကို ကိုင်တွယ် မောင်းနှင်ဖို့အတွက် ယူကရိန်း စစ်သည်တွေဟာ အထူးတလည် လေ့ကျင့်မှုတွေနဲ့ စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းမှုတွေ လိုအပ်လိမ့်မယ်လို့ မှတ်ချက် ပေးထားပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှားကို နောက်တစ်ကြိမ် ပေါ်ပေါ်ထင်ထင် ရန်စလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

လောလောဆယ်မှာတော့ ဂျာမနီရဲ့ Leopard 2 တင့်ကားတွေ ဝယ်ယူထားတဲ့ ပိုလန်နဲ့ တခြားနိုင်ငံတွေ စုစည်းပြီး သူတို့ရဲ့ တင့်ကားတွေကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပေမယ့် လုပ်ထုံးလုပ်နည်းအရ ဂျာမနီဆီက ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်နေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။