Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၉ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာ

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက (UNODC)ကတော့စစ်အာဏာသိမ်းမှုအပြီးနိုင်ငံစီးပွားရေးစိုက်ဆင်းသွားခြင်းက တောင်သူတွေ ဘိန်းစိုက်ပျိုးမှုဆီ ပြန်ဦးလှည့်သွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၉ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာ
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၉ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လာ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက သိသိသာသာ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ် ဆက်တိုက်လောက် မြန်မာနိုင်ငံမှာ ဘိန်းအထွက်နှုန်း အကျဖက် ဦးတည်ခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ ၉ နှစ်အတွင်း အမြင့်ဆုံး စံချိန်ထိ ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထွက်ရှိမှု ပမာဏဟာ ၇၉၅ မက်ထရစ်တန်လောက်ထိ များပြားလာပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် တစ်နှစ်ဖြစ်တဲ့ ၂၀၁၁ တုန်းက ၄၂၃ မက်ထရစ်တန် ထွက်ရှိခဲ့တာထက် သိသိသာသာ ပိုမိုလာတဲ့ ပမာဏပါ။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက (UNODC)ကတော့စစ်အာဏာသိမ်းမှုအပြီးနိုင်ငံစီးပွားရေးစိုက်ဆင်းသွားခြင်းက တောင်သူတွေ ဘိန်းစိုက်ပျိုးမှုဆီ ပြန်ဦးလှည့်သွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ စုဆုံရာ ရွှေတြိဂံဒေသဟာသမိုင်းကြောင်းတလျှောက် ကမ္ဘာပေါ်မှာ ဘိန်းစိမ်းနဲ့ ဘိန်းဖြူ ထုတ်လုပ်မှု အများဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့အပြင် ယူကရိန်း-ရုရှား စစ်ပွဲနဲ့ ဆက်စပ်တဲ့ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲတွေကြောင့်ပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို ပိုမို တွန်းအားပေးသလို ဖြစ်စေခဲ့တယ်လို့ UNODCက မှတ်ချက် ပေးပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၂၀၁၃ နောက်ပိုင်းမှာမြန်မာ့စီးပွားရေးတိုးတက်မှုလမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေခဲ့ခြင်းနဲ့အတူ ပြည်တွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက တောက်လျှောက် အကျဖက်ကို ဦးတည်ခဲ့ပေမယ့် အခုတော့ ၂၀၁၃ ခုနှစ်ကစလို့ နှစ်အလိုက် အမြင့်ဆုံး ထုတ်လုပ်မှု ပမာဏဆီ ပြန်ရောက်လာတာပါ။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု ပမာဏက ၈၇၀ မက်ထရစ်တန်ထိ ရှိခဲ့ပါတယ်။

မြန်မာဟာ အာဖဂန် နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး အဲဒီနှစ်နိုင်ငံကထုတ်လုပ်တဲ့ ဘိန်းအစေးတွေဟာ ကမ္ဘာတလွှားမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ဘိန်းဖြူတွေရဲ့ ကုန်ကြမ်း အရင်းအမြစ်လို့တောင် ဆိုနိုင်ပါတယ်။

စီးပွားရေးကျပ်တည်းမှု၊ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့်အရင်က ဘိန်းစိုက်ဖူးတဲ့ တောင်သူတွေဟာမက်လုံးကောင်းမွန်တဲ့ ဘိန်းစိုက်ခင်းတွေဆီ ပြန်လည် ဦးလှည့်သွားတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ခင်း ဧရိယာကလည်း ဟက်တာ ၄၀၁၀၀ လောက်ထိ များပြားလာတယ်လို့ သိရပါတယ်။

ကိုးကား-The Guardian

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။