Connect with us

Hi, what are you looking for?

သတင်း

မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ

ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုလို့သက်တမ်း ၆ လ ထပ်တိုးဖို့ စစ်ကောင်စီ ကာလုံမှာ ဆုံးဖြတ်ခဲ့ပါတယ်။

မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ
မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ

စစ်တပ်အာဏာသိမ်းတာ ၂ နှစ်တာကြာမြင့်ခဲ့ပေမယ့် နိုင်ငံမှာရှိတဲ့ မြို့နယ်တွေရဲ့ ၃ ပုံ ၂ ပုံခန့်သာ တည်တည်ငြိမ်ငြိမ်ထိန်းထားနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ တင်ပြချက်အရ မြို့နယ် ၃၃၀ ရှိတဲ့အနက် တည်ငြိမ်တဲ့မြို့နယ် ဟာ ၁၉၈ မြို့သာ ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

ကျန်တဲ့ မြို့နယ် ၁၃၂ မြို့နယ်မှာ လုံခြုံရေးအလေးထားရမယ့်မြို့ ၆၇ မြို့ရှိပြီး လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့်မြို့ဟာ ၆၅ မြို့ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင်ရဲ့တင်ပြချက်ကို ဒီနေ့ညနေပိုင်းမှာထုတ်ပြန်လာတာပါ။

ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုလို့သက်တမ်း ၆ လ ထပ်တိုးဖို့ စစ်ကောင်စီ ကာလုံမှာ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။