Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး အသက်ဆုံးရှုံးခဲ့ရ

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

▪️ဖမ်းခံရစဉ် ကွယ်လွန်သူနှစ်ဦးနှင့် ရှောင်တိမ်းရင်း ကွယ်လွန်သူများပါဝင်၊ ၈၈ဦး ဖမ်းဆီးခံထားရဆဲဖြစ်

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ကွယ်လွန်ခဲ့ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထား သည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

ရွေးကောက်ခံပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၄၇၆)ဦးရှိရာ အဖမ်းဆီးခံရသူ (၄၀) ဦး၊ ပြန်လည်လွတ်မြောက်သူ (၉)ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးနှင့်ကွယ်လွန်သူ (၅)ဦးရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဆက်သွယ်၍ မရသူ (၉၀) ဦးရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၅၇)ဦး၊ ဖမ်းဆီးခံရပြီး ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂)ဦး၊ ရှောင်တိမ်းရင်း ကွယ်လွန်သူ (၈)ဦး၊ စုစုပေါင်း ကွယ်လွန်သူ (၁၀)ဦးရှိကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

KNU၏ ပေါ်လစီမှာ ရှင်းလင်းကြောင်း၊ စစ်တပ်အနေဖြင့် ဘယ်တော့မှ နိုင်ငံရေး၌ ပြန်ဝင်လာစရာ အကြောင်းမရှိကြောင်း၊ ယင်းမူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

သတင်း

ကော့ကရိတ်မြို့ တမိုင်ကုန်းတွင် ယနေ့(မတ်လ ၂၆ရက်) နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်း တပ်စွဲကာ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေဆဲဖြစ်သည်။