Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး အသက်ဆုံးရှုံးခဲ့ရ

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

▪️ဖမ်းခံရစဉ် ကွယ်လွန်သူနှစ်ဦးနှင့် ရှောင်တိမ်းရင်း ကွယ်လွန်သူများပါဝင်၊ ၈၈ဦး ဖမ်းဆီးခံထားရဆဲဖြစ်

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ကွယ်လွန်ခဲ့ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထား သည်။

(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)
(မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းအား စွန့်ပစ် ထားစဉ်၊ ဓာတ်ပုံ-KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီ)

ရွေးကောက်ခံပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၄၇၆)ဦးရှိရာ အဖမ်းဆီးခံရသူ (၄၀) ဦး၊ ပြန်လည်လွတ်မြောက်သူ (၉)ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးနှင့်ကွယ်လွန်သူ (၅)ဦးရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဆက်သွယ်၍ မရသူ (၉၀) ဦးရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၅၇)ဦး၊ ဖမ်းဆီးခံရပြီး ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂)ဦး၊ ရှောင်တိမ်းရင်း ကွယ်လွန်သူ (၈)ဦး၊ စုစုပေါင်း ကွယ်လွန်သူ (၁၀)ဦးရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။