Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ

ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုလို့သက်တမ်း ၆ လ ထပ်တိုးဖို့ စစ်ကောင်စီ ကာလုံမှာ ဆုံးဖြတ်ခဲ့ပါတယ်။

မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ
မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံသာ တည်ငြိမ်တယ်လို့စစ်ခေါင်းဆောင်ဝန်ခံ

စစ်တပ်အာဏာသိမ်းတာ ၂ နှစ်တာကြာမြင့်ခဲ့ပေမယ့် နိုင်ငံမှာရှိတဲ့ မြို့နယ်တွေရဲ့ ၃ ပုံ ၂ ပုံခန့်သာ တည်တည်ငြိမ်ငြိမ်ထိန်းထားနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ တင်ပြချက်အရ မြို့နယ် ၃၃၀ ရှိတဲ့အနက် တည်ငြိမ်တဲ့မြို့နယ် ဟာ ၁၉၈ မြို့သာ ရှိတယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

ကျန်တဲ့ မြို့နယ် ၁၃၂ မြို့နယ်မှာ လုံခြုံရေးအလေးထားရမယ့်မြို့ ၆၇ မြို့ရှိပြီး လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့်မြို့ဟာ ၆၅ မြို့ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင်ရဲ့တင်ပြချက်ကို ဒီနေ့ညနေပိုင်းမှာထုတ်ပြန်လာတာပါ။

ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုလို့သက်တမ်း ၆ လ ထပ်တိုးဖို့ စစ်ကောင်စီ ကာလုံမှာ ဆုံးဖြတ်ခဲ့ပါတယ်။