Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင် CDMမီးရထားရဲဝန်ထမ်းကို မတွေ့၍ မိသားစုဝင်များကိုဖမ်းဆီး

“အင်အား ၈ယောက် ၁၀ယောက်လောက်ရှိတယ်။ အရပ်ဝတ်နဲ့လာတာ။ သူတို့နားမှာလည်း CDMဝင်ထားတဲ့အိမ်တစ်ချိူ့ရှိတယ်။ အဲ့အိမ်ကိုရောဝင်ရှာတယ်။လူတစ်ယောက်မှမရှိလို့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်ပြောတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် CDM ပြုလုပ်ထားသူ မီးရထားရဲဝန်ထမ်းအား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် မိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည (စက်တင်ဘာလ ၁၂ရက်) ည၁၁နာရီခန့်က အမှတ် ၁ ဘူတာ (က) ရပ်ကွက်တွင်နေထိုင်သူ CDM ပြုလုပ်ထားသည့် ရဲဝန်ထမ်းအမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးခဲ့ရာ အဆိုပါမီးရထားရဲမှာ တိမ်းရှောင်နေသဖြင့် အိမ်တွင်ရှိနေသည့် ရဲဝန်ထမ်း၏ ဇနီး၊ သားနှင့် အစ်ကိုဖြစ်သူတို့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေဘိုဒေသခံများက ပြော သည်။

လာရောက်ရှာဖွေခြင်းခံရသည့် မီးရထားရဲဝန်ထမ်းမှာ မတ်လကတည်းက CDM ဝင်ထားသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ မိသားစုဝင် သုံးဦးအနက် သားဖြစ်သူမှာလည်း မီးရထားရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး မူလက CDM ပြုလုပ်ခဲ့သူဖြစ်သည်။ သို့သော် ဖိအားများကြောင့် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့ရပြီး ယခုအခါ ဖခင်ဖြစ်သူကိုမတွေ့၍ ၎င်းကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“အင်အား ၈ယောက် ၁၀ယောက်လောက်ရှိတယ်။ အရပ်ဝတ်နဲ့လာတာ။ သူတို့နားမှာလည်း CDMဝင်ထားတဲ့အိမ်တစ်ချိူ့ရှိတယ်။ အဲ့အိမ်ကိုရောဝင်ရှာတယ်။လူတစ်ယောက်မှမရှိလို့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်ပြောတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့တွင်လည်း စစ်ကောင်စီတပ်များသည် ပြည်သူများကိုအကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်နေ၍ ပြည်သူ့တော်လှန်ရေးသမားများက ခုခံတော်လှန်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ခန့်က အမှတ် ၅ ရပ်ကွက်နေစစ်ကောင်စီသတင်းပေး ငွေချိုဆိုသူအား People Defense Force – Shwebo မှ ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။