Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုတွင် CDMမီးရထားရဲဝန်ထမ်းကို မတွေ့၍ မိသားစုဝင်များကိုဖမ်းဆီး

“အင်အား ၈ယောက် ၁၀ယောက်လောက်ရှိတယ်။ အရပ်ဝတ်နဲ့လာတာ။ သူတို့နားမှာလည်း CDMဝင်ထားတဲ့အိမ်တစ်ချိူ့ရှိတယ်။ အဲ့အိမ်ကိုရောဝင်ရှာတယ်။လူတစ်ယောက်မှမရှိလို့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်ပြောတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် CDM ပြုလုပ်ထားသူ မီးရထားရဲဝန်ထမ်းအား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် မိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည (စက်တင်ဘာလ ၁၂ရက်) ည၁၁နာရီခန့်က အမှတ် ၁ ဘူတာ (က) ရပ်ကွက်တွင်နေထိုင်သူ CDM ပြုလုပ်ထားသည့် ရဲဝန်ထမ်းအမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးခဲ့ရာ အဆိုပါမီးရထားရဲမှာ တိမ်းရှောင်နေသဖြင့် အိမ်တွင်ရှိနေသည့် ရဲဝန်ထမ်း၏ ဇနီး၊ သားနှင့် အစ်ကိုဖြစ်သူတို့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေဘိုဒေသခံများက ပြော သည်။

လာရောက်ရှာဖွေခြင်းခံရသည့် မီးရထားရဲဝန်ထမ်းမှာ မတ်လကတည်းက CDM ဝင်ထားသူဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ မိသားစုဝင် သုံးဦးအနက် သားဖြစ်သူမှာလည်း မီးရထားရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး မူလက CDM ပြုလုပ်ခဲ့သူဖြစ်သည်။ သို့သော် ဖိအားများကြောင့် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့ရပြီး ယခုအခါ ဖခင်ဖြစ်သူကိုမတွေ့၍ ၎င်းကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“အင်အား ၈ယောက် ၁၀ယောက်လောက်ရှိတယ်။ အရပ်ဝတ်နဲ့လာတာ။ သူတို့နားမှာလည်း CDMဝင်ထားတဲ့အိမ်တစ်ချိူ့ရှိတယ်။ အဲ့အိမ်ကိုရောဝင်ရှာတယ်။လူတစ်ယောက်မှမရှိလို့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်ပြောတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့တွင်လည်း စစ်ကောင်စီတပ်များသည် ပြည်သူများကိုအကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်နေ၍ ပြည်သူ့တော်လှန်ရေးသမားများက ခုခံတော်လှန်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ခန့်က အမှတ် ၅ ရပ်ကွက်နေစစ်ကောင်စီသတင်းပေး ငွေချိုဆိုသူအား People Defense Force – Shwebo မှ ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။