Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ မိုးကြီးနိုင်

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကလည်း ရခိုင်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီးမိုးကြီးခဲ့တယ်လို့သိရပါတယ်။

People's Spring
People's Spring

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေပြီး မနက်ဖြန်မနက်ထိခန့်မှန်းချက်အရတော့ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ ဧရာဝတီတိုင်းမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကလည်း ရခိုင်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီးမိုးကြီးခဲ့တယ်လို့သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ချန်ဘလီမြို့ တောင်ဘက်အနီးကနေ ဖြတ်ကျော်ဝင်သွားပြီး လာမယ့် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ကိုအားလျော့သွားမယ်လို့ မိုးဇလက ဆိုထားပါတယ်။

ဒါပေမယ့် မြန်မာ့ပင်လယ်ပြင် ၊ မြစ်ဝကျွန်းပေါ် ၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမယ်လို့လည်းခန့်မှန်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းမှာ ယခုရက်ပိုင်းတိုက်ပွဲ ပြင်းထန်ခြင်းမရှိပေမယ့် စစ်တပ်က ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းကိုအသုံးပြုပြီးဆက်တိုက်အင်အားဖြည့်နေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ