Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် စစ်အုပ်စုအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရ

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။

ကနီမြို့နယ်တွင် စစ်အုပ်စုအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရ
ကနီမြို့နယ်တွင် စစ်အုပ်စုအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီနှင့်ပျုစောထီးများအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်ခြောက် ဦးသည် ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက်က စစ်ကောင်စီလမ်းကြောင်းတစ်နေရာတွင် မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ရဲဘော် ခြောက်ဦးမိုင်းထိတယ်။ တစ်ဦးကျဆုံးသွားတယ်။ငါးဦးကတော့ သက်သာနေပါပြီ” ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိက ပြောသည်။

ကျဆုံးသွားသည့်ရဲဘော်သည် အသက် (၂၈)နှစ် အရွယ် ရဲဘော်ဇော်ကြီးဖြစ်သည်။

Public Service Announcement

Public Service Announcement

ရဲဘော်ဇော်ကြီးသည် မိုင်းထုတ်လုပ်တပ်ဆင်ရေးတွင် ကျွမ်းကျင်သူဖြစ်ပြီး မမျှော်လင့်‌သော ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းရကြောင်း ကျောက်လုံးကြီးKLG တပ်မဟာ ရဲဘော်တစ်ဦးက ပြောသည်။

ကျောက်လုံးကြီး KLG တပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီက ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလ (၂)နှစ်ခန့်အတွင်း မိုင်းမတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook