Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တွင် မိသားစုတစ်စုလိုက်ပါလာသည့်စက်လှေကို စစ်ကောင်စီတပ်ပစ်ခတ်၍ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိသားစုတစ်စုလိုက်ပါလာသည့် စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

အဆိုပါ စက်လှေသည် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ချိန်တွင် စစ်ကောင်စီရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့်ပစ်ခတ်ရာ စက်လှေပေါ်ရှိမိသားစုအနက်မှ မမာမာဝင်းဆိုသူမှာ နှလုံးဖောက်၍သေဆုံးသွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့နောက် စစ်အုပ်စုက ပစ်ခတ်ခံရသည့်မိသားစုကို ၎င်းတို့တပ်စွဲရာ သပြေတောကျေးရွာသို့ခေါ်ကာ အထက်သို့ဆန်မတက်ဘဲ အောက်သို့ပြန်စုန်ဆင်းခိုင်းခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ​သေဆုံးသွားသောအမျိုးသမီးသည် နှလုံးရောဂါရှိသူဖြစ် ကြောင်း၊သေဆုံးသူအမျိုးသမီးကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် သင်္ဂြိုလ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကိိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဒေသတွင်းပြည်သူများ ခရီးသွားလာရေးအခက်အခဲများ ကြုံတွေ့နေရသည်။