Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် မိသားစုတစ်စုလိုက်ပါလာသည့်စက်လှေကို စစ်ကောင်စီတပ်ပစ်ခတ်၍ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိသားစုတစ်စုလိုက်ပါလာသည့် စက်လှေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

အဆိုပါ စက်လှေသည် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ချိန်တွင် စစ်ကောင်စီရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့်ပစ်ခတ်ရာ စက်လှေပေါ်ရှိမိသားစုအနက်မှ မမာမာဝင်းဆိုသူမှာ နှလုံးဖောက်၍သေဆုံးသွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့နောက် စစ်အုပ်စုက ပစ်ခတ်ခံရသည့်မိသားစုကို ၎င်းတို့တပ်စွဲရာ သပြေတောကျေးရွာသို့ခေါ်ကာ အထက်သို့ဆန်မတက်ဘဲ အောက်သို့ပြန်စုန်ဆင်းခိုင်းခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
သေဆုံးသွားသော အမျိုးသမီးအား ကမ်းပေါ်သို့တင်ဆောင်ထားစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ​သေဆုံးသွားသောအမျိုးသမီးသည် နှလုံးရောဂါရှိသူဖြစ် ကြောင်း၊သေဆုံးသူအမျိုးသမီးကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် သင်္ဂြိုလ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကိိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဒေသတွင်းပြည်သူများ ခရီးသွားလာရေးအခက်အခဲများ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။