Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်ရှိ ကပစစက်ရုံကိုPRA(မ​ကွေး)​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)
(PRA(မ​ကွေး)တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-PRA-မ​ကွေး)

မ​ကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း People’s Revolutlon Allance (PRA-Magway) စစ်ရေးဆိုင်ရာတာဝန်ခံက​ပြောသည်။

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

” ရဲဘော်တွေက အဆောက်အဦးအနီးအနားအထိကပ်ပြီး မစ်ရှင်လုပ်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ကိုထိတာမျက်မြင်ကိုယ်တွေ့ ရှိခဲ့ပါတယ်။ မကြာခင် ဗီဒီယိုဖိုင်ထုတ်ပြန်ပါမယ်” ဟု PRA-Magwayစစ်ရေးဆိုင်ရာတာဝန်ခံက People’s Spring သို့ပြောသည်။

အဆိုပါစစ်ဆင်​ရေးကို ဟောလုံစစ်ကြောင်းနှင့်မောလုံစစ်ကြောင်းတို့ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ပြီးမြေပြင်အတည်ပြုချက်များအရ အဆောက်အဦပျက်စီးမှုနှင့် ရန်သူသေဆုံးဒဏ်ရာရရှိမှုများ ရှိနိုင်သည်ဟု ယူဆရပြီး နောက်ဆက်တွဲအခြေအနေများ ဆက်လက်စုံစမ်းနေကြောင်းPRA (မ​ကွေး)က အသိ​ပေထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်တွင် ကပစ စက်ရုံ ၂၅ ရုံရှိ​ကြောင်း Myanmar Now သတင်းဌာနက စုံစမ်း​ဖော်ထုတ်​ရေးသားထားသည်။

ဖေ‌ဖော်ဝါရီ၅ရက်ကလည်းမုံရွာမြို့မှစစ်ကောင်စီတပ်၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) ကဦး​ဆောင်၍ မဟာမိတ်ခြောက်ဖွဲ့ကရှော့တိုက်ဒုံး လေးလုံးဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ​ကျော်​သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများစွာရှိကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ ၊တပ်ရင်း ၃ ၊တပ်ရင်း ၄ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။