Connect with us

Hi, what are you looking for?

သတင်း

ကနီနှင့် ယင်းမာပင်နယ်စပ်တွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာသုံးရွာထက်မနည်း မီးရှို့ဖျက်ဆီး၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကနီနှင့် ယင်းမာပင်နယ်စပ်ရှိ ကျေးရွာ၃ ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
ကနီနှင့် ယင်းမာပင်နယ်စပ်ရှိ ကျေးရွာ၃ ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

▪️စစ်အုပ်စုက ဓမ္မာရုံနှင့် ကျေးရွာစာကြည့်တိုက်ကိုပါ မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်စပ်ရှိချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာ သုံးရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၉ရက်ရမွန်းလွဲပိုင်းက ကနီမြို့နယ်၊ သပြေတောကျေးရွာ၊အုန်းပင်ဆိပ်ကျေးရွာနှင့် နတ်လာပို့မြောက်ကျေးရွာတို့အား ရွာစဥ်လိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် သပြေတောကျေးရွာမှ အိမ်ခြေ၃၂လုံး၊ အုန်းပင်ဆိပ်ကျေးရွာမှ အိမ်ခြေ၂၅လုံးနှင့် နတ်လာပို့ကျေးရွာက အိမ်ခြေ ၇၉လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လူနေအိမ်များသာမကအုန်းပင်ဆိပ်ကျေးရွာရှိ ဓမ္မပါလဓမ္မာရုံနှင့် သပြေတောကျေးရွာက ရွှေပါရမီ ကျေးရွာစာကြည့်တိုက်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေဟာ စစ်ကောင်စီမော်တော်ရေယာဉ်တွေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်ချိန်ကစလို ဒီနေ့အထိ ရွာအတွင်းမှာ နေထိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်နေကြရပါတယ် ။ ကာလရက်ရှည် စစ်ဘေးရှောင်နေကြရတာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ် “ဟု တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်က ကနီမြို့နယ် ညောင်သူများကျေးရွာက အမျိုးသား သုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

စစ်ကောင်စီတပ်၏ တစ်လကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်က (၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်က(၈)ရွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၁) တွင် နမခမှထွက်လာသည့် စစ်ကား နှစ်စီးသည် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း ယင်းမာပင်မြို့နယ်အတွင်းလက်နက်ကြီးများဖြင့်ပစ်ခတ်၍စစ်ကြောင်းထိုးနေပြီး လမ်းဘေးဝဲယာရှိ ကျေးရွာများမှ ပြည်သူ၃၀ခန့်အား ဖမ်းဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားသည်။

ဇန်နဝါရီ ၃၁ ရက်က ကနီနယ်၊ သပြေတောရွာအနီးရှိ ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂၀ ထက်မနည်းသေဆုံးနိုင်ကြောင်း KLG PDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook