Connect with us

Hi, what are you looking for?

သတင်း

လှိုင်မှာ ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာပစ်သတ်ခံရမှု အမျိုးသား ၇ ဦး စွပ်စွဲဖမ်းခံရ

အဲဒီအမျိုသား ၇ ဦးကို ပစ်ခတ်မှုဖြစ်ပြီး ၁၀ ရက်အတွင်း လှိုင် ၊ ကမာရွတ် ၊သင်္ဃန်းကျွန်း နဲ့လှိုင်သာယာမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ကလိုက်လံ ဖမ်းဆီးခဲ့တာပါ။

လှိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)
လှိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)

ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း စစ်တပ်အရာရှိဟောင်းဖြစ်သူ ရွှေဝါစက်ရုံ ဒုအထွေထွေမန်နေဂျာသတ်ဖြတ်ခံ ရမှုနဲ့ ဆက်စပ်ပြီး စစ်ကောင်စီက အမျိုးသား ၇ ဦးကို စွပ်စွဲဖမ်းဆီးလိုက်ပါတယ်။

အဲဒီအမျိုသား ၇ ဦးကို ပစ်ခတ်မှုဖြစ်ပြီး ၁၀ ရက်အတွင်း လှိုင် ၊ ကမာရွတ် ၊သင်္ဃန်းကျွန်း နဲ့လှိုင်သာယာမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ကလိုက်လံ ဖမ်းဆီးခဲ့တာပါ။

Public Service Announcement
Public Service Announcement

ဖမ်းဆီးထားတဲ့ ၇ ဦးဟာ လှိုင် PDF အဖွဲ့ဝင်တွေဖြစ်ပြီး စစ်တပ်အရာရှိဟောင်း ရွှေဝါစက်ရုံ ဒုအထွေထွေမန်နေဂျာကို လုပ်ကြံသူတွေဖြစ်တယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲထားပါတယ်။

ဒါအပြင်ပြီးခဲ့တဲ့ နှစ် ဇူလိုင်လကနေ ဒီနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလအထိ လှိုင် ၊ကမာရွတ် ၊မရမ်းကုန်း ၊အင်းစိန်မြို့နယ်တွေ ထဲကစစ်မှုထမ်းဟောင်းတွေ ၊ရာအိမ်မှုးနဲ့ စစ်တပ်သတင်းတွေသတ်ခံမှု ဖြစ်စဉ် ၁၀ ခုမှာ ပါဝင်ပတ်သက်သူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ ဖမ်းခံရသူ ၇ ဦးထဲမှာ အမျိုးသားကြီးတွေလည်းပါတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။