Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

(လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက လမ်းပိတ်ဆို့ထားစဥ်၊ ဓာတ်ပုံ - CJ (ပုံဟောင်း)
(လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက လမ်းပိတ်ဆို့ထားစဥ်၊ ဓာတ်ပုံ - CJ (ပုံဟောင်း)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ယနေ့(ဖေဖော်ဝါရီ ၄)နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

လှိုင်မြို့နယ် (၃)ရပ်ကွက်မှ ရာအိမ်မှူးမင်းဇော်ဆိုသူအား အမည်မသိလက်နက်ကိုင်တစ်စုက ကားပေါ်မှ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာတင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါပစ်ခတ်မှုတွင် ရာအိမ်မှူးမင်းဇော်အား ဆိုက္ကားဖြင့်တင်နင်းလာသည့် ဆိုက္ကာဆရာ ရန်နိုင်စိုးဆိုသူလည်း ဝမ်းဗိုက်တွင် ကျဥ်ထိသွားပြီး ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၆ နာရီလောက်က လှိုင်(၃)ရပ်ကွက် ဘုရင့်နောင် ၁၀လမ်းမှာ အပစ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေနတ်ဖြင့်ပစ်ခတ်ခံရသော ရာအိမ်မှူးမင်းဇော် သည် ထမင်းဆိုင်ဖွင့်ထားသူဖြစ်ပြီး ဆိုင်ဖွင့်ရန် ဆိုက္ကားဖြင့်အသွားလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၃)ညနေပိုင်းကလည်း လှိုင် (၁)ရပ်ကွက်မှ အရံမီးသတ်အဖွဲ့ဝင်နှင့် ပျူစောထီးဟုဆိုသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။