Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်မှ ပြည်သူ့စစ်သင်တန်းဆင်း ပျူခေါင်းဆောင် ပစ်ခတ်ခံရ

ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂)ညနေ ၅နာရီခန့်တွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

ပျူစောထီးခေါင်းဆောင် ကျော်ဦးအား တွေ့ရစဉ်
ပျူစောထီးခေါင်းဆောင် ကျော်ဦးအား တွေ့ရစဉ်

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးခေါင်ဆောင်ဟုဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူကို ယမန်နေ့(ဖေဖော်ဝါရီ ၁၂)ညနေ ၅နာရီခန့်တွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

“ကညင်ကျိုး တာလမ်းပေါ် ဆိုင်ကယ်မောင်းလာတုန်း သုံးချက်ပစ်ခဲ့တာ”ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူသည် စစ်ကောင်စီကပြုလုပ်သော ပြည်သူ့စစ်အခြေခံ စစ်ပညာသင်တန်းဆင်းထားသူတစ်ဦးဖြစ်ပြီး PDFများ၏ သတင်းများရယူစုစောင်းကာ စစ်ကောင်စီထံ သတင်းပေးနေသူလည်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပျူခေါင်းဆောင်ကျော်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သလို လက်ရှိတွင် စစ်ကောင်စီလက်အောက်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖြစ်လုပ်ကိုင်နေသူများလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFထံ အလင်းဝင်ကြရန် သတိပေးသည်။

အလားတူ စစ်ကောင်စီမှ မကြာသေးမီကထုတ်ပြန်လိုက်သော လက်နက်ကိုင်ဆောင်ခွင့်မူသည် အိမ်ကြက်ချင်းအိုးမဲသုတ်ပေးသော လုပ်ရပ်ဖြစ်ပြီး ယင်းမူအားအ ကောင်အထည်ဖော်နေကြသည့် ပျူစောထီးများ၊ ဒလန်များနှင့် အုပ်ကြီးများကို ဆက်လက်သုတ်သင်သွားမည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။