Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးဒေသ၌ သုံးရက်အတွင်း စစ်ကောင်စီတပ်ပစ်မှတ်နေရာ လေးခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟု ပဲခူးတိုင်း PDF အသိပေး

ဇန်နဝါရီ(၁၅)ရက်နေ့ နံနက် ၉နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

(ပဲခူး PDF မှ ရဲဘော်များအား တွေ့ရစဉ်)
(ပဲခူး PDF မှ ရဲဘော်များအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်မှ ရှစ်ဦးနှင့်ပျူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ပစ်မှတ်နေရာ လေးခုကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း (၃၇၀၂) ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီ ၁၃ရက်မှ ၁၅ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDFက အသိပေးထုတ်ပြန်ထားသည်။

“မဟာမိတ်အဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်(၄)ခုအား ဒရုန်းဖြင့်(၈)ကြိမ်၊ တပ်ခွဲ၁က မိုင်းခွဲမှု(၁)ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၈)ဦးနှင့် ပျူစောထီး(၂)ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ထောက်ပို့တံတား(၁)ခု ပျက်စီးခဲ့သည်” ဟု ဖော်ပြထားသည်။

တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်နေရာများမှာ ဇန်နဝါရီ ၁၅ရက်က ကျောက်ကြီး မြို့နယ် နောင်ကုန်းရွာနှင့် လယ်ဝိုင်းကြီးရွာသစ်၊ ဇန်နဝါရီ ၁၃ရက်တွင် ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ် ဘုံသတောတံတား၊ ဇန်နဝါရီ ၁၄ရက်တွင် ဘုံသတောတံတားလာပြင်သည့် စစ်ကောင်စီတပ်တို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ဇန်နဝါရီ(၁၅)ရက်နေ့ နံနက် ၉နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင်လည်း လယ်ဝိုင်းကြီးရွာသစ်ရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီတပ် ၏ သေဆုံးထိခိုက် အခြေအနေကို ဆက်လည်အတည်ပြုနေသည်ဟု ဖော်ပြသည်။

ဇန်နဝါရီ(၁၃)ရက် နံနက်က ကျောက်ကြီး- နတ်သံကွင်း လမ်းပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၄)ဦးနှင့် ပျူ‌စောထီး(၂) ဦး သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တံတားအား လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီ(၁၄)ရက်တွင် ဒရုန်းဖြင့် (၄)ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)သေဆုံးခဲ့ပြီး (၄)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

PDF တပ်ရင်း ၃၇၀၂၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ ၁ က ပဲနွယ်ကုန်း-နတ်သံကွင်း လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့အသုံးပြုနေသော နရွဲပင်တံတားကို လည်း ဇန်နဝါရီ ၁၄ရက် ညနေပိုင်း၌ ဖောက်ခွဲဖျက်စီးခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပဲခူး PDF ထံဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။