Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့ မြို့မရဲစခန်းနှင့် မြဝတီဘဏ်ရှိ စစ်ကောင်စီတပ်အား မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ၂၀၂၁ မေလအတွင်းက ဆန္ဒပြခဲ့ကြစဉ်။ ဓာတ်ပုံ-CJ)
(စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ၂၀၂၁ မေလအတွင်းက ဆန္ဒပြခဲ့ကြစဉ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များရှိရာ မြို့မရဲစခန်းနှင့် မြဝတီဘဏ်ရှိ လုံခြုံရေးအဖွဲ့အား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ည ၇နာရီခန့်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းရှိ မြဝတီဘဏ်တွင် ဘဏ်ရှေ့ဘန်ကာအတွင်း ကင်းစောင့်နေသော စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိနေချိန် Who am i-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များက K.R.L လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိပြီး ရဲဘော်များအထိအခိုက်မရှိဘဲ စစ်ကောင်စီဘက်ကမူ နှစ်ဦး ပြင်းထန်ဒဏ်ရာရ၍ လူနာတင်ကားများဖြင့် တင်ဆောင်သွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“မိုင်းကွဲတော့ ထိသွားတယ် သုံးယောက်လောက်။ကျန်တဲ့ သူတွေကတော့ ဘဏ်အတွင်းထဲဝင်ပြေးသွားတယ်။”ဟု Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့မ ရဲစခန်းအား Who am i-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်တွင်ကင်းစောင့်နေသော ရဲများအား ပစ်ခတ်တိုက်ခိုက်‌ခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေအား စိစစ်နေဆဲဖြစ်ကြောင်း Who am i-Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ထပ်မံပြောကြားသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။