Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်း PDF များ တိုက်ခိုက်

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။

အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်း PDF များ တိုက်ခိုက်
အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်း PDF များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်က အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ကြီးအိုင်ရဲစခန်းမှ လမ်းသွား၊လမ်းလာများအား ငွေထွက်တောင်းရန်ပြင်နေသော စစ်ကောင်စီတပ်များအား ညနေ ၃ နာရီမှစတင်ပစ်ခတ်တိုက်ခိုက်ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ လေးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နောင်ကြီးအိုင်ရဲစခန်းမှာ အင်အားက ခန့်မှန်း ၁၀၀ ခန့်ရှိတယ်။ ကတုပ်ကျင်းထဲကို လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃၊ တပ်ခွဲ ၃ ဂဠုန်နက် PDF၊

ကျားသစ်နက် LPDF၊ ယက္ခညီနောင် LPDF၊ သံမဏိလိပ်ပြာ PDF၊ True Arrow LPDF၊ Twenty Seven LPDF၊ Five Stars LPDF၊ ဝံပုလွေ PDF နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက အရာတော်မြို့နယ်၊ မင်းရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် ကျေးရွာကိုပတ်၍ သုံးကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သားများက မင်းရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။