Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနှင့် မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာ နေရာကို PDFများတိုက်ခိုက်

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၂ နာရီကျော်က မန္တလေးတိုင်း‌၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကြိမ်တိုင် ဗုံးသီးကြဲချခဲ့ရာ ရဲစခန်းအဆောက် အဦး၏ အတွင်းသို့ကျရောက်ခဲ့သဖြင့် ရဲများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)က အသိပေးသည်။

ပြင်ဦးလွင်ခရိုင်(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်
ပြင်ဦးလွင်ခရိုင်(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်

မန္တလေးတိုင်း စဉ့်ကူးမြိူ့နယ်ရှိ နွယ်ရုံရဲစခန်းနှင့် မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ပိုဝတောင်ကျေးရွာတို့ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ခြောက်ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၂ နာရီကျော်က မန္တလေးတိုင်း‌၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကြိမ်တိုင် ဗုံးသီးကြဲချခဲ့ရာ ရဲစခန်းအဆောက် အဦး၏ အတွင်းသို့ကျရောက်ခဲ့သဖြင့် ရဲများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးတွင် ဗုံးသီး‌ ခြောက်လုံးကြဲချခဲ့ရာ ရဲ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကာ ဆေးရုံသို့ပို့လိုက်ရကြောင်း၊ ရဲစခန်းအဆောက်အဦးလည်း ပျက်စီးခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့က ဆိုသည်။

စစ်ဆင်ရေးအား ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ စဉ့်ကူးမြို့နယ်(ပ.က.ဖ)၊ ဧရာဝတီ ပျံလွှား၊ Sky Hero(Madaya)၊ARDF တော်လှန်ရေးအင်အားစုနှင့် Peacock Warrior Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကလည်း မတ္တရာမြို့နယ် ပိုဝတောင်ကျေးရွာသို့ အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်တပ်စွဲခဲ့သော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှာ ဆုတ်ခွာသွားခဲ့ပြီး PDFအဖွဲ့များက နယ်မြေရှင်းလင်းစဉ် ၅ ဒသမ ၅၆ ကျည် ၁၂ တောင့်၊ (၉) မမ ကျည် နှစ်တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့နေအိမ်တစ်လုံး၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၊ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“တိုက်ပွဲက သုံးရက်လောက်နီးပါးရှိတယ်။ ရွာတော်ကြီးကနေ ပိုဝတောင်ရွာကို အင်အားထပ်ဖြည့်ပြီး ကူးလာတာ။ ရွာထဲက ဘုန်းကြီးကျောင်းနဲ့ ဘုရားဝင်းမှာတပ်စွဲတာ။ ရွာသားတွေကအကုန်ထွက်ပြေးပြီ မရှိတော့ဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့တိုက်တာ။ သုံး ရက်နီးပါးလောက်အကြာမှာ သူတို့က ပြန်ဆုတ်သွားတာ။ ညမှာခိုးထွက်သွားတာ။ သဖန်းထောင့်ဘက်ကိုပြန်ဆုတ်သွားတယ်။”ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ကောင်းကင်တော်လှန်ရေးအင်အားစု ၊ ABRF၊ ADRF ၊ မိုးကြိုးပျောက်ကြားတပ်ဖွဲ့ နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဗုံးသီး အလုံး ၂၀ ကျော်အသုံးပြုခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။