Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ယနေ့(ဖေဖော်ဝါရီ ၂၄)နံနက်ပိုင်းက ပုလောမြို့နယ် ပလမြို့မှနေ၍ ပဝက်ကုန်းကျေးရွာဘက်သို့ တပ်အင်အားပေါင်းစဥ် သက်န်းတော ကျေးရွာဘက်မှ ဒေသခံပြည်သူ ၁၂ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကြောင်းနှစ်ခုပေါင်း၍ အင်အားဖြည့်ချိန် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၄)နံနက်ပိုင်းက ပုလောမြို့နယ် ပလမြို့မှနေ၍ ပဝက်ကုန်းကျေးရွာဘက်သို့ တပ်အင်အားပေါင်းစဥ် သက်န်းတော ကျေးရွာဘက်မှ ဒေသခံပြည်သူ ၁၂ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ သူတို့(စစ်ကောင်စီတပ်)ဘက်က တပ်အပြောင်းအရွှေ့လုပ်နေတာဗျ။ ပလဘက်ကနေ ပဝက်ကုန်းရွာဘက် ပြောင်းတာ။ သူတို့ချင်း အင်အားဖြည့်နေတယ်လို့ ယူဆတယ်”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခံရသော အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၁၂ဦးကို ယနေ့ညနေပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့ပြီး မိ သားစုဝင်များနှင့် အဆက်အသွယ်ပြန်ရပြီဟု ၎င်းတာ ဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားစဥ် ဒေသခံအမျိုးသမီးများအား စစ်ကောင်စီတပ်က မည်သို့ပြုမူစေခိုင်းသည်နှင့် အကြမ်းဖက်နှိပ်စက်ခံရမှုရှိ မရှိ အသေးစိပ်အခြေအနေများကိုမူ People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပုလောမြို့နယ် ကဒဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၁၀၀ဝန်း ကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သံဃာနှစ်ပါးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။