Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ယနေ့(ဖေဖော်ဝါရီ ၂၄)နံနက်ပိုင်းက ပုလောမြို့နယ် ပလမြို့မှနေ၍ ပဝက်ကုန်းကျေးရွာဘက်သို့ တပ်အင်အားပေါင်းစဥ် သက်န်းတော ကျေးရွာဘက်မှ ဒေသခံပြည်သူ ၁၂ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကြောင်းနှစ်ခုပေါင်း၍ အင်အားဖြည့်ချိန် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၁၁ဦးနှင့် အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၄)နံနက်ပိုင်းက ပုလောမြို့နယ် ပလမြို့မှနေ၍ ပဝက်ကုန်းကျေးရွာဘက်သို့ တပ်အင်အားပေါင်းစဥ် သက်န်းတော ကျေးရွာဘက်မှ ဒေသခံပြည်သူ ၁၂ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ သူတို့(စစ်ကောင်စီတပ်)ဘက်က တပ်အပြောင်းအရွှေ့လုပ်နေတာဗျ။ ပလဘက်ကနေ ပဝက်ကုန်းရွာဘက် ပြောင်းတာ။ သူတို့ချင်း အင်အားဖြည့်နေတယ်လို့ ယူဆတယ်”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခံရသော အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၁၂ဦးကို ယနေ့ညနေပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့ပြီး မိ သားစုဝင်များနှင့် အဆက်အသွယ်ပြန်ရပြီဟု ၎င်းတာ ဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားစဥ် ဒေသခံအမျိုးသမီးများအား စစ်ကောင်စီတပ်က မည်သို့ပြုမူစေခိုင်းသည်နှင့် အကြမ်းဖက်နှိပ်စက်ခံရမှုရှိ မရှိ အသေးစိပ်အခြေအနေများကိုမူ People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပုလောမြို့နယ် ကဒဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၁၀၀ဝန်း ကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သံဃာနှစ်ပါးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။