Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာကို ရန်ကုန်မှာ ပြန်ပိတ်

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစတင်ပြီး ပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားတာကို ဒီလ ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာကို ရန်ကုန်မှာ ပြန်ပိတ်
နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာကို ရန်ကုန်မှာ ပြန်ပိတ်

နိုင်ငံကူးလက်မှတ်လျှောက်ထားတာကို အွန်လိုင်းကနေ ပြန်ခွင့်ပြုလိုက်ပြီး ရက်ပိုင်းအကြာမှာတင် စစ်ကောင်စီက အဲဒီစနစ်ကိုမွမ်းမံဖို့ဆိုပြီးဆိုင်းငံလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစတင်ပြီး ပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားတာကို ဒီလ ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့ပါတယ်။

ရန်ကုန်ရုံးမှာ အွန်လိုင်းကနေ လျှောက်လွှာဖြည့်ပြီး ကုန်ကျစရိတ်ပေးချေကာ တိုကင်နံပါတ်ရယူရတဲ့ စနစ် နဲ့ ပြန်ဖွင့်ပေးခဲ့ပေမယ့် ပြန်ဖွင့်တဲ့ ရက်မှာတင် ဝင်ရောက်လျှောက်ထားသူတွေ အခက်တွေ့ခဲ့ရပါတယ်။

နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာကို ရန်ကုန်မှာ ပြန်ပိတ်
နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားတာကို ရန်ကုန်မှာ ပြန်ပိတ်

လျှောက်ထားရမယ့် ဝက်ဆိုက်ထဲကို ဝင်မရတာတွေရှိခဲ့ပြီး ၊ လျှောက်လွှာဖြည့်ပြီး ငွေချေပေမယ့် တိုကင်နံပါတ်မရတာတွေ ၊ ငွေချေလို့မရတာ ရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် ပြန်ဖွင့်ပေးတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ သောကြာနေ့ဖြစ်ပြီး ကျန်တဲ့ စနေနဲ့တနင်္ဂနွေရက်တွေမှာ ပြန်ပိတ်လိုက်ပြီး ဒီနေ့ မှာတော့ စာအုပ်အသစ်လျှောက်ထားတာတွေကို ဝန်ဆောင်မှုပေးမယ့်ရက် ပြန်ကြေညာပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာပါ။

စစ်ကောင်စီရဲ့စာရင်းအရတင် ပြန်လည်စတင်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်တစ်ရက်တည်းတင် လူ ၈ ထောင်ကျော် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းကနေ လျှောက်ထားတဲ့အခါ စာအုပ်အသစ် လျှောက်ထားသူနဲ့သက်တမ်းတိုးမယ့်သူတွေအတွက် ကျပ် ၃သောင်းခွဲ ၊ ပျက်စီး ပျောက်ဆုံးအတွက် ကျပ် ၇ သောင်းခွဲ ကုန်ကျတယ်လို့လည်းသိရပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်ပကို မြန်မာနိုင်ငံသားတွေအလုံးအရင်းနဲ့ထွက်ခွာလာကြတဲ့အခါ စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ရုံးတွေကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလကစတင်ပြီးပိတ်ထားလိုက်တာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။