Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့၍ ဖေဖော်ဝါရီအတွင်း နေအိမ် ၇,၀၀၀ကျော် မီးလောင်ပျက်စီး

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️ပြည်သူ ၂၀ကျော်သတ်ဖြတ်ခံရဟု NUG ပြည်ထဲရေးထုတ်ပြန်

▪️စစ်ကိုင်းတိုင်းမှ နေအိမ် ၆,၆၀၀ ကျော်ပါဝင်၊ နိုင်ငံတဝန်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီအတွင်း ပြည်သူလူထု နေအိမ် ၇,၁၀၀ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

ထို့ပြင် ပြည်သူလူထုများကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ရာ ပြည်သူ ၂၀ကျော် သေဆုံးခဲ့ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်သည်ဟုလည်း အသိပေးထားသည်။

စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဆက်လက်မီးရှို့ခဲ့ရာ အကြိမ်ပေါင်း ၇၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးသည့် နေအိမ် ၆,၆၆၂ လုံးရှိကြောင်း၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၉ဦး ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဘာသာရေးအဆောက်အဦး လေးခု၊ စာသင်ကျောင်း ၁၀ကျောင်း၊ ဆေးရုံ နှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

“သူတို့ကတော့ PDF တွေကို ရွာတွေက ထောက်ပံ့နေတာ။ ဒီ PDFတွေ သွားလာလှုပ်ရှားနေတာ ရွာတွေထဲမှာပဲဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်လို့ရှိရင် PDF တွေကို မထောက်ပံ့နိုင်တော့ဘူး။ အဲဒီလို ရည်ရွယ်ချက်နဲ့ ရွာတွေကို အဓိကတိုက်ခိုက်တာပေါ့”ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် ပြည်သူလူထုက ပိုပြီး စစ်ကောင်စီတပ်အပေါ် စိတ်နာစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေက ပြောကြတာပေါ့။ တိုက်ပွဲတွေဖြစ်လို့ ရွာမီးရှို့ခံရရင်တောင် ရွာမီးရှို့တာကို ဂရုမစိုက်ဘူး။ ခွေးဘယ်နှစ်ကောင်သေလဲပဲ မေးတယ်။ အဲဒီလိုမျိုး ရွာသားတွေရဲ့ စိတ်ဓာတ်ကတော့”ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

မကွေးတိုင်းတွင်လည်း ခုနစ်ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၃၄၅လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦးရှိကြောင်း အသိပေးထားသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် နေအိမ် ၁၀လုံး၊ တနင်္သာရီတိုင်း၌ နေအိမ် ၁၁၆လုံး ချင်းပြည်နယ်၌ နေအိမ် ၁၆လုံး၊ ပဲခူးတိုင်း၌ နေအိမ် ၉လုံး မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်ပါ အချက်အလက်များသည် လွတ်လပ်သောမီဒီယာများ ၊ အရပ်ဖက်အဖွဲ့စည်းများ၏ထုတ်ပြန်ချက်များနှင့် မြေပြင်မှပြည်သူလူထုပေးပို့သော သတင်းအချက်အလတ်များကို စီစစ်ဖော်ပြခြင်းဖြစ်ပြီး ယခုဖော်ပြသောအချက်အလတ်များထက် မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီ ၏အကြမ်းဖက်မှုမှာ ပို၍များပြားနိုင်သည်ဟု ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းနှင့် မကွေးအပါအဝင် နိုင်ငံတဝန်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့မှုများလုပ်ဆောင်ခဲ့ရာ ၂၀၂၃ ဇန်နဝါရီလကုန်ပိုင်းအထိ ပြည်သူလူထု နေအိမ်ပေါင်း ၅၅,၀၀၀ကျော် စစ်ကောင်စီတပ် လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည်ဟု Data for Myanmar က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဖေဖော်ဝါရီအတွင်း မီးရှို့ခံရသည့် နေအိမ်များအပါအဝင် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။