Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် မီးရှို့၍ ဖေဖော်ဝါရီအတွင်း နေအိမ် ၇,၀၀၀ကျော် မီးလောင်ပျက်စီး

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ မြေမွန်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️ပြည်သူ ၂၀ကျော်သတ်ဖြတ်ခံရဟု NUG ပြည်ထဲရေးထုတ်ပြန်

▪️စစ်ကိုင်းတိုင်းမှ နေအိမ် ၆,၆၀၀ ကျော်ပါဝင်၊ နိုင်ငံတဝန်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီအတွင်း ပြည်သူလူထု နေအိမ် ၇,၁၀၀ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

မီးရှို့ခံရသည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၆,၆၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

ထို့ပြင် ပြည်သူလူထုများကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ရာ ပြည်သူ ၂၀ကျော် သေဆုံးခဲ့ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်သည်ဟုလည်း အသိပေးထားသည်။

စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဆက်လက်မီးရှို့ခဲ့ရာ အကြိမ်ပေါင်း ၇၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးသည့် နေအိမ် ၆,၆၆၂ လုံးရှိကြောင်း၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၉ဦး ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဘာသာရေးအဆောက်အဦး လေးခု၊ စာသင်ကျောင်း ၁၀ကျောင်း၊ ဆေးရုံ နှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

“သူတို့ကတော့ PDF တွေကို ရွာတွေက ထောက်ပံ့နေတာ။ ဒီ PDFတွေ သွားလာလှုပ်ရှားနေတာ ရွာတွေထဲမှာပဲဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်လို့ရှိရင် PDF တွေကို မထောက်ပံ့နိုင်တော့ဘူး။ အဲဒီလို ရည်ရွယ်ချက်နဲ့ ရွာတွေကို အဓိကတိုက်ခိုက်တာပေါ့”ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် ပြည်သူလူထုက ပိုပြီး စစ်ကောင်စီတပ်အပေါ် စိတ်နာစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေက ပြောကြတာပေါ့။ တိုက်ပွဲတွေဖြစ်လို့ ရွာမီးရှို့ခံရရင်တောင် ရွာမီးရှို့တာကို ဂရုမစိုက်ဘူး။ ခွေးဘယ်နှစ်ကောင်သေလဲပဲ မေးတယ်။ အဲဒီလိုမျိုး ရွာသားတွေရဲ့ စိတ်ဓာတ်ကတော့”ဟု စစ်ကိုင်းတိုင်းဒေသခံက ပြောသည်။

မကွေးတိုင်းတွင်လည်း ခုနစ်ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၃၄၅လုံး မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦးရှိကြောင်း အသိပေးထားသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် နေအိမ် ၁၀လုံး၊ တနင်္သာရီတိုင်း၌ နေအိမ် ၁၁၆လုံး ချင်းပြည်နယ်၌ နေအိမ် ၁၆လုံး၊ ပဲခူးတိုင်း၌ နေအိမ် ၉လုံး မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်ပါ အချက်အလက်များသည် လွတ်လပ်သောမီဒီယာများ ၊ အရပ်ဖက်အဖွဲ့စည်းများ၏ထုတ်ပြန်ချက်များနှင့် မြေပြင်မှပြည်သူလူထုပေးပို့သော သတင်းအချက်အလတ်များကို စီစစ်ဖော်ပြခြင်းဖြစ်ပြီး ယခုဖော်ပြသောအချက်အလတ်များထက် မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီ ၏အကြမ်းဖက်မှုမှာ ပို၍များပြားနိုင်သည်ဟု ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းနှင့် မကွေးအပါအဝင် နိုင်ငံတဝန်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့မှုများလုပ်ဆောင်ခဲ့ရာ ၂၀၂၃ ဇန်နဝါရီလကုန်ပိုင်းအထိ ပြည်သူလူထု နေအိမ်ပေါင်း ၅၅,၀၀၀ကျော် စစ်ကောင်စီတပ် လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည်ဟု Data for Myanmar က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဖေဖော်ဝါရီအတွင်း မီးရှို့ခံရသည့် နေအိမ်များအပါအဝင် ပြည်သူလူထုနေအိမ် ခြောက်သောင်းကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။