Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတ​ပ်၏ ရှေ့ပြေးကင်းအဖွဲ့အား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(Khin U Special Force Organization-KSOအဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KSO)
(Khin U Special Force Organization-KSOအဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KSO)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတ​ပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း Khin U Special Force Organization-KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁ ရက်)မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း၊ ကျန် ငါးဦးက ရဲဘော်များအား ဝိုင်းပိတ်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ဘက်ကနေ ဝိုင်းပြီးတော့ ပိတ်ပြီးပစ်တယ်။ ၁၅မိနစ်လောက်ကြာတော့ ရဲဘော်တွေပိတ်မိနေခဲ့တယ်။ ဒါပေမယ့် ပြန်ထွက်နိုင်ခဲ့တယ်။”ဟု KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ပြန်ဆုတ်ပြီးချိန် ရဲဘော်တစ်ဦး နှလုံးအမောဖောက် အားနည်းလာသောကြောင့် ယခုအချိန်အထိ ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းကျေးရွာ အနောက်တောင်ဘုန်းကြီးကျောင်းနှင့် သရက်ပင်စုကျေးရွာ လင်းရောင်ခြည် ဘုန်းကြီးကျောင်းတွင် သုံးရက်တာ တပ်စွဲ ညအိပ်နေသော စစ်ကြောင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးမြို့မှ စစ်ကောင်စီတ​ပ်များသည် ဖေဖော်ဝါရီ ၂၈ရက်နှင့် ယမန်နေ့များက မြင်းဒေါင်းကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများအား ကားများဖြင့် နှစ်ရက်ဆက်တိုက် ခိုးယူသယ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် မြင်းဒေါင်း၊သရက်ပင်စု၊ ယာတော်၊ မကျီးအုပ်၊ကားဆိပ်၊အင်တိုင်းလေး(မြောက်) စသည့်ကျေးရွာများ လေးရက်တိတိ ထွက်ပြေးတိမ်းရှောင်နေရပြီး သရက်ပင်စုနှင့် မြင်းဒေါင်းကျေးရွာမှ ဖမ်းဆီးခံ ပြည်သူများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၂ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ယာတော်ကျေးရွာမှတဆင့် ကျွန်းတော်ကြီးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း နယ်ခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးများ ၏ မြေပြင်အခြေအနေအရ စည်းကမ်းချက်ထုတ်ပြန်မှုများအား လေးစားလိုက်နာပေးကြရန် KSO အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။