Connect with us

Hi, what are you looking for?

သတင်း

ဂျပန်က မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာ ၄၇ သန်းကျော်ပေး UNအဖွဲ့အစည်းများမှတစ်ဆင့်​​ပေးအပ်မည်

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)

စစ်တပ်အာဏာသိမ်းချိန်မှစ၍ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် ပံ့ပိုးကူညီမည်ဟု ဖေဖော်ဝါရီ ၂၈ တွင်ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်အထိိ နိုင်ငံ၏ နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အကျိုးရလဒ်အနေဖြင့် လူသားချင်းစာနာမှုအခြေအနေမှာ ပိုမို ဆက်လက်ဆိိုးရွာလာကြောင်း ဂျပန်နိိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် က​ကျေးရွာများကိုမီးရှို့ ၊ပြည်သူများကိုဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုများ​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေကြ​သော အညာ​ဒေသမှ စစ်​ဘေးဒုက္ခသည်များ။ ဓါတ်ပုံ-CJ)

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ကုလသမဂ္ဂမှ ထုတ်ပြန်သော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာတုန့်ပြန်ရေးစီမံချက်အရ ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ပြည်သူ ၁၇.၆ သန်းမှာ ကူညီိထောက်ပံ့မှုအမှန်တကယ်လိုအပ်နေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နှစ်ကလည်း ဂျပန်အစိုးရသည် UNHCR၊ UNICEF၊ WFP နှင့် AHA Centre စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာမှုအထောက်အပံ့အဖြစ် ဒေါ်လာ ၆၀.၃ သန်းခန့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။