Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်

အတိုက်အခံ အင်အားစုတွေက အကီဘာဟာ ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ အလိုတူ အလိုပါအဖြစ် ပါဝင်ခဲ့သလို ပေါင်းစည်းမှု ကျောင်းတော်နဲ့လည်း စပ်ယှက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားကြပါတယ်။

၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်
၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်

သက်တမ်း ၄ လလောက်အတွင်း ဂျပန် အစိုးရဟာ ၄ ယောက်မြောက် ဝန်ကြီးတစ်ဦး နုတ်ထွက်သွားတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဂျပန်ရဲ့ ပြန်လည်တည်ဆောက်ရေး ဝန်ကြီးဖြစ်သူ ကန်ယာ အကီဘာဟာ ဒီဇင်ဘာ ၂၇ ရက်မှာ နုတ်ထွက်စာ တင်သွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ အစိုးရ အတွက်တော့ ဒီအခြေအနေတွေက သိက္ခာကျရသလို အခက်အခဲတွေနဲ့ပါ ရင်ဆိုင်စေခဲ့ရပါတယ်။

အကီဘာ မတိုင်ခင်ကလည်း အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၃ ဦးဟာ အရှက်တကွဲ အခြေအနေ တချို့ကြောင့် ရာထူးက အသီးသီး နုတ်ထွက်ခဲ့ရပါသေးတယ်။ အဲဒီထဲမှာ အငြင်းပွားစရာ ဘာသာရေးဂိုဏ်း တစ်ခုကို ငွေကြေး ထောက်ပံ့နေတဲ့ ကိစ္စနဲ့ ဆက်နွှယ်ပြီး ရာထူးက ထွက်ခွာရသူတွေလည်း ရှိခဲ့ပါတယ်။

ပေါင်းစည်းမှု ကျောင်းတော်လို့ နာမည်ပေးထားတဲ့ ခရစ်ယာန် ဘာသာရေး ဂိုဏ်းခွဲရဲ့ အရှုပ်တော်ပုံတွေဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအပြီး ထွက်ပေါ်လာခဲ့ပါတယ်။ အာဏာရ ဒီမိုကရက်တစ် ပါတီထဲမှာ အဲဒီ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွှယ်သူတွေ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာတာကြောင့် ဝန်ကြီးချုပ် ကီရှီဒါက ပြန်လည် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ လတ်တလောမှာ ဝန်ကြီးချုပ်အပေါ် ပြည်သူလူထု အကြိုက်တွေ့မှု ဆိုးဆိုးရွားရွား ကျဆင်းနေရာမှာလည်း အဲဒီ ကိစ္စက အဓိက ညွှန်ကိန်းတစ်ခု ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးတွေကို ရွေးချယ်ခန့်အပ် တာဝန်ပေးခဲ့သူ အနေနဲ့ လက်ရှိ ပြဿနာတွေနဲ့ ပတ်သက်လို့ သူက ခြွင်းချက်မရှိ တာဝန်ယူရမယ်လို့ ကီရှီဒါက သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီးချုပ် တာဝန်ယူထားသူ အနေနဲ့ သူဟာ လိုအပ်တဲ့ နိုင်ငံရေး တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းပေးဖို့ လိုတယ်လို့လည်း ကီရှီဒါက ဝန်ခံခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေက အကီဘာဟာ ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ အလိုတူ အလိုပါအဖြစ် ပါဝင်ခဲ့သလို ပေါင်းစည်းမှု ကျောင်းတော်နဲ့လည်း စပ်ယှက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားကြပါတယ်။

အကီဘာကတော့ သူဟာ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်မျိုး ဘာတစ်ခုမှ ကျူးမလွန်မထားခဲ့ဘူးလို့ နုတ်ထွက်စာ တင်ချိန်မှာ ပြောကြားသွားပါတယ်။ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးကြတဲ့အခါ သူ့ကြောင့် အစိုးရ အဖွဲ့က ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ နုတ်ထွက်ခဲ့တာလို့လည်း အကီဘာက ဆိုပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါဟာ လက်ရှိ အခြေအနေတွေကြောင့် သူ့ရဲ့ အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းနိုင်ကြောင်း ကောလာဟလတွေအပေါ် ယတိပြတ် ငြင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွေမှာတော့ ဒီကိစ္စကို မစဉ်းစားသေးဘူးလို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။

သတင်း

နီပွန်​ဖောင်​ဒေးရှင်သည် စစ်တပ်နှင့်အပစ်ရပ်ထား​သောအဖွဲ့များထဲမှ စစ်​ကောင်စီတပ်ကို မတိုက်​သောအဖွဲ့များ၏​ဒေသများကိုသာ လူသားချင်းစာနာ​ထောက်ထားမှု​ခေါင်း​စဥ်ဖြင့်ဆန်နှင့် စားနပ်ရိက္ခာများ​ထောက်ပံ့​ပေးခြင်းဖြစ်သည်။