Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်

အတိုက်အခံ အင်အားစုတွေက အကီဘာဟာ ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ အလိုတူ အလိုပါအဖြစ် ပါဝင်ခဲ့သလို ပေါင်းစည်းမှု ကျောင်းတော်နဲ့လည်း စပ်ယှက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားကြပါတယ်။

၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်
၄ လအတွင်း ဂျပန်အစိုးရအဖွဲ့မှာ ဝန်ကြီး ၄ ဦး နုတ်ထွက်

သက်တမ်း ၄ လလောက်အတွင်း ဂျပန် အစိုးရဟာ ၄ ယောက်မြောက် ဝန်ကြီးတစ်ဦး နုတ်ထွက်သွားတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဂျပန်ရဲ့ ပြန်လည်တည်ဆောက်ရေး ဝန်ကြီးဖြစ်သူ ကန်ယာ အကီဘာဟာ ဒီဇင်ဘာ ၂၇ ရက်မှာ နုတ်ထွက်စာ တင်သွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ အစိုးရ အတွက်တော့ ဒီအခြေအနေတွေက သိက္ခာကျရသလို အခက်အခဲတွေနဲ့ပါ ရင်ဆိုင်စေခဲ့ရပါတယ်။

အကီဘာ မတိုင်ခင်ကလည်း အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၃ ဦးဟာ အရှက်တကွဲ အခြေအနေ တချို့ကြောင့် ရာထူးက အသီးသီး နုတ်ထွက်ခဲ့ရပါသေးတယ်။ အဲဒီထဲမှာ အငြင်းပွားစရာ ဘာသာရေးဂိုဏ်း တစ်ခုကို ငွေကြေး ထောက်ပံ့နေတဲ့ ကိစ္စနဲ့ ဆက်နွှယ်ပြီး ရာထူးက ထွက်ခွာရသူတွေလည်း ရှိခဲ့ပါတယ်။

ပေါင်းစည်းမှု ကျောင်းတော်လို့ နာမည်ပေးထားတဲ့ ခရစ်ယာန် ဘာသာရေး ဂိုဏ်းခွဲရဲ့ အရှုပ်တော်ပုံတွေဟာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအပြီး ထွက်ပေါ်လာခဲ့ပါတယ်။ အာဏာရ ဒီမိုကရက်တစ် ပါတီထဲမှာ အဲဒီ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွှယ်သူတွေ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာတာကြောင့် ဝန်ကြီးချုပ် ကီရှီဒါက ပြန်လည် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ လတ်တလောမှာ ဝန်ကြီးချုပ်အပေါ် ပြည်သူလူထု အကြိုက်တွေ့မှု ဆိုးဆိုးရွားရွား ကျဆင်းနေရာမှာလည်း အဲဒီ ကိစ္စက အဓိက ညွှန်ကိန်းတစ်ခု ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးတွေကို ရွေးချယ်ခန့်အပ် တာဝန်ပေးခဲ့သူ အနေနဲ့ လက်ရှိ ပြဿနာတွေနဲ့ ပတ်သက်လို့ သူက ခြွင်းချက်မရှိ တာဝန်ယူရမယ်လို့ ကီရှီဒါက သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီးချုပ် တာဝန်ယူထားသူ အနေနဲ့ သူဟာ လိုအပ်တဲ့ နိုင်ငံရေး တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းပေးဖို့ လိုတယ်လို့လည်း ကီရှီဒါက ဝန်ခံခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေက အကီဘာဟာ ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်ရာမှာ အလိုတူ အလိုပါအဖြစ် ပါဝင်ခဲ့သလို ပေါင်းစည်းမှု ကျောင်းတော်နဲ့လည်း စပ်ယှက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားကြပါတယ်။

အကီဘာကတော့ သူဟာ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်မျိုး ဘာတစ်ခုမှ ကျူးမလွန်မထားခဲ့ဘူးလို့ နုတ်ထွက်စာ တင်ချိန်မှာ ပြောကြားသွားပါတယ်။ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးကြတဲ့အခါ သူ့ကြောင့် အစိုးရ အဖွဲ့က ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ နုတ်ထွက်ခဲ့တာလို့လည်း အကီဘာက ဆိုပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါဟာ လက်ရှိ အခြေအနေတွေကြောင့် သူ့ရဲ့ အစိုးရ အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းနိုင်ကြောင်း ကောလာဟလတွေအပေါ် ယတိပြတ် ငြင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွေမှာတော့ ဒီကိစ္စကို မစဉ်းစားသေးဘူးလို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး ၇ဦးကို လူချင်းတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနဲ့ လူသားဆိုင်နာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း NUGက ဒီကနေ့ မေလ ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီး အရပ်သားအမည်ခံ အစိုးရအဖွဲ့ကိုဖွဲ့ပြနေပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲက အရပ်သားတွေအပါအဝင် အရပ်သားနိုင်ငံရေးသမားတွေကို အယုံအကြည်မရှိတဲ့ အာဏာရှင်ပဲလို့ နိုင်ငံရေးစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။