Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး

ဒီလို အသိပေးရတာဟာ မန္တလေး − မိုးကုတ် ၊ မိုးကုတ် − မိုးမိတ် နဲ့ မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ သတိပေးရတာလို့ သိရပါတယ်။

မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး
မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး

မန္တလေးတိုင်းထဲက မန္တလေး− မိုးကုတ် လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။

ဒီလို အသိပေးရတာဟာ မန္တလေး − မိုးကုတ် ၊ မိုးကုတ် − မိုးမိတ် နဲ့ မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ သတိပေးရတာလို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

မဖြစ်မနေ မန္တလေး − မိုးကုတ်လမ်းကို ခရီးသွားမယ့်သူတွေအနေနဲ့ ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ ၊ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ပြင်ဦးလွင် ခရိုင် ပ.က.ဖ က အသိပေးထားတာပါ။

ဒါအပြင် အဲဒီလမ်းပိုင်းကို မနက် ၆ နာရီကနေ ည ၆ နာရီ အထိပဲ အသုံးပြုကြဖို့ အသိပေးထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းအတွင်း မန္တလေး နဲ့ ရှမ်းပြည်နယ်အစပ် ပြင်ဦးလွင် မြို့ နဲ့ မလှမ်းမကမ်းက နောင်ချိုမြို့နယ်ထဲမှာ မန္တလေး PDF နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။