Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး

ဒီလို အသိပေးရတာဟာ မန္တလေး − မိုးကုတ် ၊ မိုးကုတ် − မိုးမိတ် နဲ့ မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ သတိပေးရတာလို့ သိရပါတယ်။

မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး
မန္တလေး − မိုးကုတ် လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ပ.က.ဖ အသိပေး

မန္တလေးတိုင်းထဲက မန္တလေး− မိုးကုတ် လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။

ဒီလို အသိပေးရတာဟာ မန္တလေး − မိုးကုတ် ၊ မိုးကုတ် − မိုးမိတ် နဲ့ မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ သတိပေးရတာလို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

မဖြစ်မနေ မန္တလေး − မိုးကုတ်လမ်းကို ခရီးသွားမယ့်သူတွေအနေနဲ့ ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ ၊ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ပြင်ဦးလွင် ခရိုင် ပ.က.ဖ က အသိပေးထားတာပါ။

ဒါအပြင် အဲဒီလမ်းပိုင်းကို မနက် ၆ နာရီကနေ ည ၆ နာရီ အထိပဲ အသုံးပြုကြဖို့ အသိပေးထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းအတွင်း မန္တလေး နဲ့ ရှမ်းပြည်နယ်အစပ် ပြင်ဦးလွင် မြို့ နဲ့ မလှမ်းမကမ်းက နောင်ချိုမြို့နယ်ထဲမှာ မန္တလေး PDF နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။