Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီယာဥ်တန်းနှင့် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး အထိနာ

မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ရာ သုံးဦး အနက် နှစ်ဦးလဲကျသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

(တိုက်ပွဲတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်(ပကဖ))
(တိုက်ပွဲတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်(ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာတင်ယာဥ်တန်းနှင့် ကင်းပုန်းများအား ဒရုန်းများ၊ ပီပါမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိနာပြီး စစ်ကူခေါ်နေရကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယနေ့ (မတ်လ ၄ ရက်)နံနက်အစောပိုင်းက ကန်နီပျူရွာသို့ ရိက္ခာပို့သည့် ယာဉ်တန်းအား ဒရုန်းဖြင့် ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု စုံစမ်းနေကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

နံနက် ၈ နာရီ ၄၅မိနစ်ခန့်ကလည်း မြိုင်မြို့အရှေ့မြောက်ဘက်အထွက် ပေါက်ပြင်းကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်းအတွက် တပ်၊ ရဲနှင့် ပျူများ ကင်းပုန်းဝတ်ရန်လာစဉ် မိုင်းပွိုင့် သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန်စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။

(တိုက်ပွဲတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်(ပကဖ))
(တိုက်ပွဲတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်(ပကဖ))

မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ရာ သုံးဦး အနက် နှစ်ဦးလဲကျသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မွန်းလွဲ ၂ နာရီ ၃၇မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးရှိ ပေပါမိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူ ၈ ဦး တွေ့ရှိ၍ မိုင်းဆွဲလိုက်ရာ ၆ ဦး လဲကျသေဆုံးသွားပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ပကဖအဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

” ၁၁ကောင်သေတယ်လို့ကြားတယ်။ မြိုင်(အထက) – ၂ထဲကနေ ပြန်နောက်ဆုတ်နေပြီး ကား၅ စီးကျန်သေးတယ်။ အကူတွေတောင်းထားတယ်ကြားတယ်။ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေတယ်။ ခံရတဲ့ကောင်ကများသွားတော့။”ဟု မြိုင်(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

စစ်ကောင်စီအုပ်စုအား ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်ထားဆဲဖြစ်ပြီး မြိုင်မြို့မှ ကန်နီပျူကျေးရွာသို့ ရိက္ခာပို့ရန် အင်အား ၂၀၀ ကျော် အသုံးပြုထားသော စစ်ကြောင်းအား သေစေလိုစိတ်မရှိ၍ မိုင်းဖြင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းအရှိန်မြင့်တင်လာပါက ပျူရွာများအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖက သတိပေးသည်။

ယခုတိုက်ခိုက်မှုတွင် မြိုင်(ပကဖ)အဖွဲ့က ဗိုလ်လင်းမြွေသည် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိဟု သိရသည်။

အဆိုပါတပ်သည် ပြည်၊ ပဲခူး အစရှိသည့်ဒေသများမှတပ်များဖြစ်နိုင်ပြီး ယမန်နေ့က ကိုင်းတောမဘက်မှ ၂၀၀ ကျော်ဝင်လာခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်