Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ကချင်ရိုးရာယဥ်​ကျေးမှုရုံးကိုစစ်တပ်ကစီးနင်းပြီးရှိ​နေသူ ၁၀ ဦးထက်မနည်းကိုဖမ်းဆီး

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People’s Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်တစ်​နေရာတွင် ၂၀၂၁ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်တစ်​နေရာတွင် ၂၀၂၁ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း​ဒေသခံများက​ပြောသည်။

ဖားပြင်ကျေးရွာရှိကချင်ရိုးရာယဉ်ကျေးမှုရုံးကို ယမန်နေ့ (မတ်လ ၁၁ရက်) နေ့လည် ၁၁နာရီ ၄၀မိနစ်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ကားငါးစီးနဲ့ စစ်​ေ-တွေဝင်လာတာ။တွေ့ရာလူဖမ်းသွားတာပါ။ ကချင်တွေရော ဗမာတွေရော ပါပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People’s Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံအချို့ကမူ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေသည်ဟုသတင်းရရှိကာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။

” ဒလန်က အဲ့ဒီအတိုင်းသတင်းပေးလို့ လာဖမ်းတယ်လို့ သိရတယ်။ ဒီရက်ပြည်သူတွေ၊တော်လှန်ရေးအင်အားစုတွေ တောက်လျှောက်အဖမ်းခံနေရတယ်။ သတင်းပေးဒလန်တွေ တော်တော်မွှေနေတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မတ်လ ၆ရက်ကလည်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင် ဒေါ်မာမာအေးသည် ဖားပြင်ကျေးရွာ၌ လာရောက်တိမ်းရှောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။