Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော

ပုလောနယ် ပဝတ်ကုန်းနှင့် မင်းထိန်ကျေးရွာကြားတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီ ၂၀မိနစ်ခန့်က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော

▪️တပ်ကူလာသည့်ယာဥ်တန်း ထပ်မံမိုင်းဆွဲခံရပြီး သုံးစီးပျက်စီး

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးကြောင်း ပုလော(ပ.က.ဖ) အဖွဲ့ဝင် တောကြီးမြွေဟောက် (King Cobra Force)က People’s Spring သတင်းဌာနသို့ ပြောသည်။

ပုလောနယ် ပဝတ်ကုန်းနှင့် မင်းထိန်ကျေးရွာကြားတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီ ၂၀မိနစ်ခန့်က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ ကျနော်တို့ရဲဘော်တွေအတွက် သွေးကြွေးပြန်တောင်ခဲ့တာပါ”ဟု King Cobra Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

မတ်လ ၁၂ ရက်က ပုလောနယ် ကဗျာကျေးရွာအနီး ထိတွေ့တိုက်ပွဲများတွင် King Cobra Force တပ်ဖွဲ့ဝင်တစ်ဦး၊ ပ.က.ဖ ရဲဘော်တစ်ဦးနှင့် ပုလော PDF တပ်ခွဲ (၃)မှ ရဲဘော်သုံးဦးအပါအဝင် စုစုပေါင်းတော်လှန်ရေး ရဲဘော်ငါးဦးကျဆုံးခဲ့ခြင်းအပေါ် အထက်ပါအတိုင်း သွေးကြွေးပြန်တောင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (မတ် ၁၄ ရက်) ညနေ ၆ နာရီကျော်တွင် အထိနာသွားသော စစ်ကောင်စီတပ်က ယာဥ် (၈)စီးဖြင့် ပုလောနယ် ပဝတ်ကုန်းရွာဘက် တပ်ကူလာရောက်ရာ ပဝတ်ကုန်းနှင့် မင်းထိန်ရွာကြားအရောက်တွင် ပဒေသာမိုင်းနှစ်ဆိုင်း မိုင်း ၁၁လုံးဖြင့် King Cobra Force က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ယာဥ်တန်းမှ ယာဉ် သုံးစီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အရေအတွက်အတိအကျအား မသိရသေးပေ။

လက်ရှိတွင် ပုလောနယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်လျှက်ရှိရာ ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ဒေသအခြေအနေအား စုံစမ်းမေးမြန်းပြီးမှသာ သွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။