Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော

ပုလောနယ် ပဝတ်ကုန်းနှင့် မင်းထိန်ကျေးရွာကြားတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီ ၂၀မိနစ်ခန့်က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့်သေဟု ပကဖ ပြော

▪️တပ်ကူလာသည့်ယာဥ်တန်း ထပ်မံမိုင်းဆွဲခံရပြီး သုံးစီးပျက်စီး

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးကြောင်း ပုလော(ပ.က.ဖ) အဖွဲ့ဝင် တောကြီးမြွေဟောက် (King Cobra Force)က People’s Spring သတင်းဌာနသို့ ပြောသည်။

ပုလောနယ် ပဝတ်ကုန်းနှင့် မင်းထိန်ကျေးရွာကြားတွင် အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၁၃ရက် နေ့လယ် ၂ နာရီ ၂၀မိနစ်ခန့်က ပဒေသာမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

“မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ ကျနော်တို့ရဲဘော်တွေအတွက် သွေးကြွေးပြန်တောင်ခဲ့တာပါ”ဟု King Cobra Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

မတ်လ ၁၂ ရက်က ပုလောနယ် ကဗျာကျေးရွာအနီး ထိတွေ့တိုက်ပွဲများတွင် King Cobra Force တပ်ဖွဲ့ဝင်တစ်ဦး၊ ပ.က.ဖ ရဲဘော်တစ်ဦးနှင့် ပုလော PDF တပ်ခွဲ (၃)မှ ရဲဘော်သုံးဦးအပါအဝင် စုစုပေါင်းတော်လှန်ရေး ရဲဘော်ငါးဦးကျဆုံးခဲ့ခြင်းအပေါ် အထက်ပါအတိုင်း သွေးကြွေးပြန်တောင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (မတ် ၁၄ ရက်) ညနေ ၆ နာရီကျော်တွင် အထိနာသွားသော စစ်ကောင်စီတပ်က ယာဥ် (၈)စီးဖြင့် ပုလောနယ် ပဝတ်ကုန်းရွာဘက် တပ်ကူလာရောက်ရာ ပဝတ်ကုန်းနှင့် မင်းထိန်ရွာကြားအရောက်တွင် ပဒေသာမိုင်းနှစ်ဆိုင်း မိုင်း ၁၁လုံးဖြင့် King Cobra Force က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ယာဥ်တန်းမှ ယာဉ် သုံးစီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အရေအတွက်အတိအကျအား မသိရသေးပေ။

လက်ရှိတွင် ပုလောနယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်လျှက်ရှိရာ ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ဒေသအခြေအနေအား စုံစမ်းမေးမြန်းပြီးမှသာ သွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။