Connect with us

Hi, what are you looking for?

သတင်း

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ
CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ရဲဘော်နှစ်ဦး ဘုတလင်မြို့နယ်သို့ တာဝန်ဖြင့်ခရီးသွားနေစဉ် စစ်ကောင်စီ​၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း CNDFက အသိပေး ထုတ်ပြန်သည်။

CNDFမှ ရဲဘော် ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်နှင့် ရဲဘော် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်တို့သည် အမျိုးသားရေးနှင့်တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဘုတလင်မြို့တွင် မတ်လ ၁၅ရက်က ပိတ်ဆို့ဖမ်းဆီးပြီး သတ်ဖြတ်သွားခြင်းဟု ထုတ်ပြန်သည်။

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ
CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

” အမျိုးသားတော်လှန်ရေးအတွက် အသက်စတေးခဲ့သည့် ဆလိုင်းဟာခွီအွမ် (ခ)ဇာနည်အောင် (၂၀ နှစ်) နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန် (၂၁နှစ်)အား CNO/CNDF နှင့် ချင်းပြည်သူလူထုမှ အထူးလေးစားဂါရ၀ပြုအပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။

ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်တို့၏ ပေးဆပ်မှုများနှင့် ယုံကြည်ချက်များကို ဘယ်သောအခါမှ မမေ့မလျော့ပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု ကျဆုံးအာဇာနည်ရဲဘော်များ၏ အမည်ကို တိုင်တည်သစ္စာပြုအပ်ကြောင်း CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရရှ်ိခဲ့ပြီး မီးသင်္ဂြိုလ်ပြီးနောက် အရိုးပြာအိုးကို CNDF တပ်ရင်းဌာနချုပ် သို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။