Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမိုကရေစီကိုသွေဖီသည့်မျိုးနွယ်စု အခြေပြု အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရန်ကြိုးပမ်းမှု ရှောင်ရှားရန် ချင်းတပ် CNO/CNDF တိုက်တွန်း

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် (၇၅)နှစ်မြောက်ဖြစ်ပြီးအနှစ်သာရပြည့်၀သော ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF

ဒီမိုကရေစီစနစ်ကို သွေဖီနေသည့် မျိုးနွယ်စု အခြေပြုအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရန် ကြိုးပမ်းမှုကို ရှောင်ရှားရင်း ချင်းအမျိုးသားပြန်လည် တည်ဆောက်ရေးကို မျှော်တွေးရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် (CNO/CNDF)က ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့သည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် (၇၅)နှစ်မြောက်ဖြစ်ပြီးအနှစ်သာရပြည့်၀သော ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ချင်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွင် နယ်မြေဒေသအလိုက် မျိုးနွယ်စုများကို အခြေခံသော အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းရန် အားထုတ်ကြိုးပမ်းနေမှုများကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်လာရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မျိုးနွယ်စုအလိုက် မိမိတို့၏ ဘာသာစကား ၊ စာပေ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သော်လည်း ထိုသမိုင်းပေးတာဝန်ကို ထမ်းဆောင်ရန်အကြောင်းပြ၍ ခေတ်နောက်ပြန်ဆွဲသော ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ဆန်သည့် မျိုးနွယ်စု အခြေပြုအုပ်ချုပ်ရေးစနစ်ကို အသက်သွင်းရန် ကြိုးပမ်းနေမှုများသည် ချင်းအမျိုးသားနေ့၏ အနှစ်သာရနှင့် သွေဖီနေသည်ဟုယူဆကြောင်း CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

၁၉၄၈ ဖေဖော်ဝါရီ ၂၀ရက်က ကျင်းပခဲ့သည့် ဖလမ်းမြို့ ချင်းလူထုညီလာခံ၌ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အပါအဝင် နယ်မြေဒေသအလိုက် မျိုးနွယ်စု အကြီးအကဲများ အုပ်ချုပ်သည့် တိုက်သူကြီးစနစ်အစား ဒီမိုကရေစီ အခြေခံသော ပြည်သူ့အုပ်ချုပ်မှု စနစ်ဖြင့် အစားထိုးကျင့်သုံးရန် ရွေးချယ်ဆုံးဖြတ်ခဲ့ရာ ထိုသို့ ဆုံးဖြတ်ခဲ့သည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

စစ်ကောင်စီများသည် ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဖလမ်း - ကလေးလမ်းမကြီးအား လုံး၀အသုံးမပြုကြရန် အထူးသတိပေးကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

စစ်ကိုင်း - ချင်းအစပ် ကလေး- ဖလမ်း လမ်းပိုင်းရှိ စစ်ကောင်စီ၏ ထင်းရှုးတပ်စခန်းမှ တပ်သား တစ်ဦးသည် စက်တင်ဘာ ၂၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။