Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီကိုသွေဖီသည့်မျိုးနွယ်စု အခြေပြု အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရန်ကြိုးပမ်းမှု ရှောင်ရှားရန် ချင်းတပ် CNO/CNDF တိုက်တွန်း

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် (၇၅)နှစ်မြောက်ဖြစ်ပြီးအနှစ်သာရပြည့်၀သော ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF

ဒီမိုကရေစီစနစ်ကို သွေဖီနေသည့် မျိုးနွယ်စု အခြေပြုအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရန် ကြိုးပမ်းမှုကို ရှောင်ရှားရင်း ချင်းအမျိုးသားပြန်လည် တည်ဆောက်ရေးကို မျှော်တွေးရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် (CNO/CNDF)က ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့သည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် (၇၅)နှစ်မြောက်ဖြစ်ပြီးအနှစ်သာရပြည့်၀သော ချင်းအမျိုးသားနေ့ကို အဓိပ္ပါယ်ရှိစွာ ကျင်းပနိုင်ပါစေဟု CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ချင်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွင် နယ်မြေဒေသအလိုက် မျိုးနွယ်စုများကို အခြေခံသော အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းရန် အားထုတ်ကြိုးပမ်းနေမှုများကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်လာရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မျိုးနွယ်စုအလိုက် မိမိတို့၏ ဘာသာစကား ၊ စာပေ၊ ယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သော်လည်း ထိုသမိုင်းပေးတာဝန်ကို ထမ်းဆောင်ရန်အကြောင်းပြ၍ ခေတ်နောက်ပြန်ဆွဲသော ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ဆန်သည့် မျိုးနွယ်စု အခြေပြုအုပ်ချုပ်ရေးစနစ်ကို အသက်သွင်းရန် ကြိုးပမ်းနေမှုများသည် ချင်းအမျိုးသားနေ့၏ အနှစ်သာရနှင့် သွေဖီနေသည်ဟုယူဆကြောင်း CNO/CNDF သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

၁၉၄၈ ဖေဖော်ဝါရီ ၂၀ရက်က ကျင်းပခဲ့သည့် ဖလမ်းမြို့ ချင်းလူထုညီလာခံ၌ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အပါအဝင် နယ်မြေဒေသအလိုက် မျိုးနွယ်စု အကြီးအကဲများ အုပ်ချုပ်သည့် တိုက်သူကြီးစနစ်အစား ဒီမိုကရေစီ အခြေခံသော ပြည်သူ့အုပ်ချုပ်မှု စနစ်ဖြင့် အစားထိုးကျင့်သုံးရန် ရွေးချယ်ဆုံးဖြတ်ခဲ့ရာ ထိုသို့ ဆုံးဖြတ်ခဲ့သည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ကိုဧည့်ခံကြိုဆိုတဲ့အိန္ဒိယအစိုးရနိုင်ငံတကာမှာဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ဟု ထုတ်ပြန်

သတင်း

အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။