Connect with us

Hi, what are you looking for?

သတင်း

သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်
သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်

မကွေးတိုင်း သရက်မြို့နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်ကာ တစ်ဦးမှာ ခြေကျင်းဝက်ပြတ်သွားကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“တွင်းလည်ရွာ အရှေ့ဘက် ကပစ (၁၂) သိမ်းထားတဲ့ နေရာမှာ မိုင်းနင်းမိတာပါ။ နင်းမိသူနာမည်က ကိုသန်းစိန်။ စားဝတ်နေရေး ခက်ခဲသူဖြစ်ပြီး ဝါးခုတ်၊ ဖျာယက်ပြီး စားသောက်ရသူပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှပ်မိုင်းအား ဦးသန်းစိန်ဆိုသူမှ နင်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ခြေကျင်းဝက်ပြတ်သွားကာ ကျန်သူနှစ်ဦးမှာ မိုင်းစများထိမှန်၍ ထိခိုက်ဒဏ်ရာများရသွားသည်ဟု ဒေသခံများက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ သမန်းပြင်ကျေးရွာနှင့် တွင်းလည်ကျေးရွာသည် တဆက်တစပ်တည်းရှိနေသည့် ကပ်လျက်ရွာဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကတည်းက တွင်းလည်ကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကာ ကျေးရွာအနီးဝန်းကျင်တွင် မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook