Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်မြို့နယ်မှ ရဲစခန်းတစ်ခုကို ဗုံးပစ်လောင်ချာဖြင့်ထုရာ စခန်းမှူးအပါအဝင် သုံးဦးသေ

ယနေ့(ဖေဖော်ဝါရီ ၂၀)နံနက် ၆နာရီက စစ်ကောင်စီလက်အောက်ခံ ဆင်ကော်ရဲစခန်းကို (၄၀) မမ ဗုံးပစ်လောင်ချာဖြင့် ဗုံးသုံးလုံးပစ်ခတ်ခဲ့ရာ စခန်းတွင်းသို့ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု တပ်ရင်း (၄)မှ တာဝန်ရှိသူက ပြောသည်။

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Forceမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Eagle Force
သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Forceမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Eagle Force

စစ်ကူလားသည့် ယာဥ်မိုင်းမိပြီး ငါးဦးထပ်သေဟုဆို

မကွေးတိုင်း သရက်မြို့နယ်ရှိ ဆင်ကော်ရဲစခန်းအား ဗုံးပစ်လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲသုံးဦးသေဆုံးသွားကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၀)နံနက် ၆နာရီက စစ်ကောင်စီလက်အောက်ခံ ဆင်ကော်ရဲစခန်းကို (၄၀) မမ ဗုံးပစ်လောင်ချာဖြင့် ဗုံးသုံးလုံးပစ်ခတ်ခဲ့ရာ စခန်းတွင်းသို့ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု တပ်ရင်း (၄)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် PDF တပ်ရင်း (၄)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဆင်ကော်ရဲစခန်းမှူး၊ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုနောက် သရက်မြို့ပေါ် ကပစ(၁၂)မှ အင်အား ၂၅ဦးခန့်ပါ လိုက်ထရပ်ကားတစ်စီးဖြင့် စစ်ကူလာရာ ပုဏ္ဏားရွာနှင့် တွင်းလည်ရွာကြားတွင် သရက်ခရိုင် PDF တပ်ရင်း (၄)မှ ရဲဘော်များက စောင့်ကြိုမိုင်းဆွဲခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ သုံးဦးထိခိုက်သွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နံနက် ၈ နာရီခန့်တွင် သရက်ခရိုင် မင်းတုန်းမြို့မှ စစ်ကောင်စီတပ်၏ (၅)မိုင် စစ်ဆေးရေးဂိတ်အား တပ်ရင်း (၄)မှရဲဘော်များက ဒရုန်းဖြင့်ဗုံးသီးနှစ်လုံးချပြီးတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးအခြေအနေအား မသိရသေးပေ။

“ဗျူဟာအရ သွားနေတာတွေလည်း ရှိပါတယ်။ နောက် ကျနော်တို့ ပုံမှန်လုပ်နေကြအတိုင်း လုပ်နေတာလည်း ရှိပါတယ်။ လက်ရှိမှာတော့ ဘယ်လိုပဲ လုပ်လုပ် လုပ်ပြီးရင် ဝန်ကြီးဌာနကို တင်ပြရတာတွေချည်းပါပဲ”ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ သရက်ခရိုင် PDF တပ်ရင်း (၄)မှ တာဝန်ရှိသူက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။