Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးအလွန်အမင်းစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်သွားဖို့ ဩစတြေးလျ-အမေရိကန်ပူးတွဲထုတ်ပြန်

မြန်မာနိုင်ငံမှာ ပါတီအဖွဲ့အစည်းအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နှောင့် နှေးကြန့်ကြာမှုမရှိဘဲ ချက်ချင်းခွင့်ပြုဖို့ဩစတြေးလျ-အမေရိကန်ဝန်ကြီးတွေက ပြောပါတယ်။

အမေရိကန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေက မြန်မာ့အရေးကို အလွန်အမင်းဆက် လက်စိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီစနစ်ဆီအမြန်ဆုံးပြန် သွားဖို့ တောင်းဆိုလိုက်ပါတယ်။

ဩစတြေးလျ-အမေရိကန် ဝန်ကြီးများအဆင့်ဆွေးနွေးပွဲ(AUSMIN)ကို ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ပြီး နှစ်နိုင်ငံ ဝန်ကြီးတွေရဲ့ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းဖော်ပြကာ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ မတရားသဖြင့်ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေးတို့ကို ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်နဲ့ အမေရိကန်နိုင်ငံသား သတင်းသမား ဒန်နီဖန်စတာတို့ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ ပါတီအဖွဲ့အစည်းအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နှောင့် နှေးကြန့်ကြာမှုမရှိဘဲ ချက်ချင်းခွင့်ပြုဖို့ဩစတြေးလျ-အမေရိကန်ဝန်ကြီးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နှစ်နိုင်ငံစလုံးဟာ မြန်မာ့အရေးအတွက် အာဆီယံရဲ့အထူးကိုယ်စားလှယ်ခန့်အပ်မှုကိုလည်း ထောက်ခံ ကြောင်းနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့တိုက်တွန်းကြောင်း ထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။