Connect with us

Hi, what are you looking for?

News

ကုလညီလာခံမှာ မြန်မာ့အရေးအပါအဝင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ်ခြိမ်းခြောက်မှုတွေကို အာရုံစိုက်သွားမယ်လို့ အမေရိကန်ပြော

စက်တင်ဘာ ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကုလသမဂ္ဂအ ထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ် ကြီးဦးကျော်မိုးထွန်း တက်ရောက်နေပြီး ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို အခုထိ အသိအမှတ်ပြု တက်ရောက်စေခြင်း မရှိသေးပါဘူး။

မြန်မာ့အရေးအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာရုံစိုက်သွားမယ်လို့ အမေရိကန်သံအမတ် ကြီး လင်ဒါသောမက်စ်-ဂရင်းဖီးလ်က ပြောပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်ရဲ့ သံတမန်ရေးနဲ့ပတ်သက်ပြီး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး အခုနှစ်အထွေထွေညီလာခံ ကို သမ္မတဘိုင်ဒင်တက်ရောက်အမှာစကားပြောကြားမယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ကျွန်မတို့တစ်နှစ်ပတ်လုံးလုပ်ဆောင်သလို လာမယ့်သီတင်းပတ်အမေရိကန်ရဲ့သံတမန်ရေးက ငြိမ်းချမ်းရေးနဲ့ လုံ ခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ၊ အာဖဂန်နစ္စတန်ကစလို့ ဆီးရီးယား၊ ယီမင်၊ မြန်မာအထိ ကမ္ဘာ တစ်ဝန်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်သွားမှာပါ” လို့ သံအမတ်ကြီးက ပြောပါ တယ်။

စက်တင်ဘာ ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကုလသမဂ္ဂအ ထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ် ကြီးဦးကျော်မိုးထွန်း တက်ရောက်နေပြီး ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို အခုထိ အသိအမှတ်ပြု တက်ရောက်စေခြင်း မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။